ခ်ိဳျမတဲ့ အရယ္အၿပဳံးေလးေတြနဲ႔ ႏႈတ္ခမ္းနီမေလးေတြကို ဖမ္းစားလိုက္ျပန္တဲ့ မင္းသားေခ်ာ မင္းဘုန္းျမတ္

အခုတေလာ မိန္းကေလးပရိတ္သတ္ေတြရဲ႕ၾကားမွာ ေရပန္းစား ေအာင္ျမင္လာတဲ့ မင္းသားေခ်ာေလးကေတာ့ MRTV 4ကေန ထုတ္လႊင့္ျပသလွ်က္ ရွိေနတဲ့ “မာယာလွည့္ကြက္”ဇာတ္လမ္းတြဲေလးမွာ အဓိကဇာတ္ေကာင္ေနရာကေန ပါဝင္ထားတဲ့ မင္းဘုန္းျမတ္ပဲ ျဖစ္ပါတယ္။ သူဟာဆိုရင္ မင္းသမီးေခ်ာ ပိုးၾကာျဖဴခင္ (မုန္း)ဆိုတဲ့ မိန္းကေလးအေပၚ အရမ္းကို ခ်စ္တဲ့ အခ်စ္ႀကီးသူ “ထူးျမတ္ပိုင္”ဆိုတဲ့ ကာ႐ိုက္တာေလးကေန ပီျပင္စြာ သ႐ုပ္ေဆာင္ထားတာကို ေတြ႕ရပါတယ္။

မင္းသားေခ်ာ မင္းဘုန္းျမတ္ရဲ႕ စတင္ထြက္ရွိေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းတြဲေလးကေတာ့ “မေန႔ကျဖစ္သည္ ၂”ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ နာမည္ႀကီး မင္းသမီးေခ်ာ အူဝဲနဲ႔ တြဲဖက္ၿပီး “က်မအခ်စ္ဆုံး ေယာက္က်ားသုံးေယာက္”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပါဝင္သ႐ုပ္‌ေဆာင္ခဲ့ပါတယ္။ တက္သစ္စမင္းသားေလး ဆိုေပမယ့္ သူ႔ရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြက ဝါရင့္အႏုပညာရွင္တစ္ေယာက္လို ပီျပင္လွပါတယ္။

ခုတစ္ခါမွာ‌ေတာ့ မင္းဘုန္းျမတ္က “ခ်ိဳျမတဲ့ အရယ္အၿပဳံးေလးေတြနဲ႔ ႏႈတ္ခမ္းနီမေလးေတြကို ဖမ္းစားလိုက္ျပန္တဲ့ သူ႔ရဲ႕ ပုံရိပ္ေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ စမတ္က်စြာ ဝတ္ဆင္ထားကာ ခ်ိဳျမတဲ့ အရယ္အၿပဳံးေလးေတြနဲ႔ မိမိုက္ေနတဲ့ မင္းဘုန္းျမတ္ရဲ႕ ပုံေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Min Phone Myat

(Unicode)

ချိုမြတဲ့ အရယ်အပြုံးလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေကို ဖမ်းစားလိုက်ပြန်တဲ့ မင်းသားချော မင်းဘုန်းမြတ်

အခုတလော မိန်းကလေးပရိတ်သတ်တွေရဲ့ကြားမှာ ရေပန်းစား အောင်မြင်လာတဲ့ မင်းသားချောလေးကတော့ MRTV 4ကနေ ထုတ်လွှင့်ပြသလျှက် ရှိနေတဲ့ “မာယာလှည့်ကွက်”ဇာတ်လမ်းတွဲလေးမှာ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်ထားတဲ့ မင်းဘုန်းမြတ်ပဲ ဖြစ်ပါတယ်။ သူဟာဆိုရင် မင်းသမီးချော ပိုးကြာဖြူခင် (မုန်း)ဆိုတဲ့ မိန်းကလေးအပေါ် အရမ်းကို ချစ်တဲ့ အချစ်ကြီးသူ “ထူးမြတ်ပိုင်”ဆိုတဲ့ ကာရိုက်တာလေးကနေ ပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

မင်းသားချော မင်းဘုန်းမြတ်ရဲ့ စတင်ထွက်ရှိအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးကတော့ “မနေ့ကဖြစ်သည် ၂”ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး မင်းသမီးချော အူဝဲနဲ့ တွဲဖက်ပြီး “ကျမအချစ်ဆုံး ယောက်ကျားသုံးယောက်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်‌ဆောင်ခဲ့ပါတယ်။ တက်သစ်စမင်းသားလေး ဆိုပေမယ့် သူ့ရဲ့ သရုပ်ဆောင်ချက်တွေက ဝါရင့်အနုပညာရှင်တစ်ယောက်လို ပီပြင်လှပါတယ်။

ခုတစ်ခါမှာ‌တော့ မင်းဘုန်းမြတ်က “ချိုမြတဲ့ အရယ်အပြုံးလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေကို ဖမ်းစားလိုက်ပြန်တဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ စမတ်ကျစွာ ဝတ်ဆင်ထားကာ ချိုမြတဲ့ အရယ်အပြုံးလေးတွေနဲ့ မိမိုက်နေတဲ့ မင်းဘုန်းမြတ်ရဲ့ ပုံလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Min Phone Myat

Leave a Reply

Your email address will not be published.