






(Unicode)
“အရှုံးတွေနဲ့ ရင်ဆိုင်ရလည်း… အေးချမ်းတဲ့အပြုံးလေးနဲ့ပဲ အတူဖြတ်သန်းမယ် 😘”လို့ဆိုလာတဲ့ တုစိန်လေး
MRTV 4ရဲ့ မင်းသမီးတစ်လက် ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကိုတော့ ပရိတ်သတ်ကြီး သိပြီးသား နေမှာပါနော်။ သူမကို သွယ်လျပြီး V Shapeဆန်တဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်တွေ ပိုမို သတိထားမိလာခဲ့ကြတာ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ ဝိညာဉ်ရှိုက်သံ၊ ချစ်ခြင်းတရားတို့ရှိရာ၊ အမုန်းမှသည်နဲ့ အချစ် ဆစ်ဂနယ် တို့ပဲ ဖြစ်ပါတယ်။
မင်းသမီးချော ဆောင်းဝတ်ရည်မေရဲ့ အိမ်နာမည်လေးကတော့ တုစိန်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက “Tusein Collection”ဆိုတဲ့ Pageလေးနဲ့ Online Shopတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ COVID ကာလအတွင်းမှာ မင်းသား၊မင်းသမီး အတော်များများကတော့ Liveလွှင့်ပြီး ဈေးရောင်းကာ စီးပွားရေး လုပ်နေကြတာကိုလည်း တွေ့လာရပါတယ်။
ခုတစ်ခါမှာတော့ တုစိန်လေးက “အရှုံးတွေနဲ့ ရင်ဆိုင်ရလည်း… အေးချမ်းတဲ့အပြုံးလေးနဲ့ပဲ အတူဖြတ်သန်းမယ် 😘”လို့ဆိုကာ အေးချမ်းလှတဲ့ ပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ အေးချမ်းလှပတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ တုစိန်လေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Saung Wutyee May