




(Unicode)

“အကြင်နာပန်းတွေကိုပဲပျိုးတဲ့လက်နော်..နူးညံ့တယ်..ကြင်နာတယ်..အချစ်တွေပါတယ်”လို့ဆိုလာတဲ့ သံသာမိုးသိမ့်

MRTV 4က ထုတ်လွှင့်ပြသခဲ့တဲ့ “ကျွန်မက မဟေသီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဗီလိန်မလေး “မိန်းမချော”နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူကတော့ သံသာမိုးသိမ့်ပဲ ဖြစ်ပါတယ်။ ပီပြင်တဲ့ဇတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ သူမကိုတော့ ပရိတ်သတ်တွေက အထူးအားပေးကာ ချစ်ခင်နေကြတာကို တွေ့ရပါတယ်။

သိပ်မကြာသေးခင်ကလည်း ဇာတ်လမ်းတွဲတစ်ခုမှာ “မေပျိုဖြူ”ဆိုတဲ့ ဇာတ်ကောင်လေးနေရာကနေ သရုပ်ဆောင်ခဲ့ပါသေးတယ်။ ပရိတ်သတ်တွေကတော့ သူမကိုမြင်ရင် မိန်းမချောလား မေပျိုဖြူလား ဆိုပြီး အမြဲလိုလို ထင်နေကြမှာပါ။ ဒါ့အပြင် သံသာက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျှက် ရှိနေတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ သံသာက “အကြင်နာပန်းတွေကိုပဲပျိုးတဲ့လက်နော်..နူးညံ့တယ်..ကြင်နာတယ်..အချစ်တွေပါတယ်”လို့ဆိုကာ သူမရဲ့ လှပတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ အကြင်နာပန်းတွေပဲ ပျိုးတတ်တဲ့ သံသာရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Than Thar Moe Theint

Leave a Reply

Your email address will not be published.