



Source; A Nyein Phyu

(Unicode)

“Happy Anniversary ပါ ကလေးငယ် ❤️”လို့ဆိုကာ လိုက်ဖက်ကြည်နူးစွာ မြင်တွေ့ရတဲ့ ရဲရင့်အောင်နဲ့အေငြိမ်းဖြူတို့ စုံတွဲလေး

ရေဒီယို နောက်ခံဇာတ်တွေကို ပီပြင်စွာ သရုပ်ဆောင်ရာကနေ အောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေး အေငြိမ်းဖြူကတော့ ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ သူမဟာဆိုရင် မြန်မာအကနဲ့ နိုင်ငံခြားအကတို့ကိုလည်း ကတတ်သူ Dancer တစ်ယောက်ပါ။ လက်ရှိမှာတော့ အဆိုတော်ရဲရင့်အောင်နဲ့ ချစ်သူတွေဖြစ်လာခဲ့တာ 3နှစ်နီးပါး ရှိခဲ့ပါပြီ။

မင်းသမီးချောလေး အေငြိမ်းဖြူက ရုပ်ရှင်ဇာတ်ကားများလည်း စတင်ပြီး ရိုက်ကူးလာနေတာကို တွေ့ရပါတယ်။ သိပ်မကြာသေးခင်က ကျရောက်ခဲ့တဲ့ သူမရဲ့ချစ်သူ အဆိုတော်ရဲရင့်အောင်ရဲ့ မွေးနေ့မှာ ရဲရင့်အောင် ထွက်ရှိထားခဲ့တဲ့ သီချင်းပေါင်းများစွာကို သူမရဲ့ ဟန်ပန်အမူအရာလေးနဲ့ စပ်ဆိုကာ မွေးနေ့ကို Surprise လုပ်ခဲ့ပါသေးတယ်။ သူမတို့နှစ်ယောက်ရဲ့ ပရိတ်သတ်တွေကတော့ အရမ်းကို အားကျကာ အချစ်တွေပ်ုနေကြတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ အေက “Happy Anniversary ပါ ကလေးငယ် ❤️”လို့ဆိုကာ လိုက်ဖက်ကြည်နူးစွာ မြင်တွေ့ရတဲ့ ချစ်ရသူရဲရင့်အောင်နဲ့ စုံတွဲပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ နှစ်ပေါင်းတွေ ကြာမြင့်ကာ အချစ်တွေ ပိုမိုမြင့်မားလာကြတဲ့ ရဲရင့်အောင်နဲ့အေတို့ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; A Nyein Phyu

Leave a Reply

Your email address will not be published.