





Source; Yu Thandar Tin
(Unicode)
“ဧရာဝတီမြစ်ကြီးရယ် ယုရယ် ပုဂံရယ် ?”လို့ဆိုကာ ခရီးသွားနေတဲ့ ပုံလေးတွေ မျှဝေပေးလာတဲ့ ယုစ်
မော်ဒယ်ဘဝကနေ နာမည်ရလာကာ သရုပ်ဆောင် မင်းသမီးအဖြစ် အောင်မြင်ကျော်ကြားလူကြိုက်များလာခဲ့တဲ့ မင်းသမီးချော ယုသန္တာတင်ကတော့ အခုဆိုရင် အပျိုကြီးတစ်ကိုယ်တည်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိထားပါတယ်။ သူမဟာ ငယ်ရွယ်စဉ်ကတည်းက လှသွေးကြွယ်လာခဲ့တာ ယခုအချိန်ထိ ဆက်လက်လှနေဆဲ ဖြစ်ပါတယ်။
မင်းသမီးချော ယုသန္တာတင်က အခုနောက်ပိုင်းမှာ ကြော်ငြာရိုက်ကူးရေးတွေနဲ့အတူ အလှဓာတ်ပုံအလန်းစားများကို ရိုက်ကူးလျှက် ရှိလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုဗစ်မတိုင်ခင်က သူငယ်ချင်းမိတ်ဆွေများနဲ့လည်း နိုင်ငံခြားခရီးစဉ်များကို သွားရောက်လည်ပတ်ကာ အလှဓာတ်ပုံများကို ပရိတ်သတ်တွေဆီ အသိပေးချပြခဲ့ပါတယ်။ လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လက်ခံရိုက်ကူးလျှက် ရှိနေပါတယ်။
ခုတစ်ခါမှာတော့ မင်းသမီးချော ယုသန္တာတင်က “ဧရာဝတီမြစ်ကြီးရယ် ယုရယ် ပုဂံရယ် ?”လို့ဆိုကာ ခရီးသွားနေတဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ချစ်သောပုဂံရဲ့အလှနဲ့ ယုစ်ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Yu Thandar Tin