



Source; Shwe Thamee

(Unicode)

ကျေးလက်သဘာဝရဲ့ ရှုခင်းတွေနဲ့ ဖြစ်တည်မှုတွေကို သဘောကျတယ်ဆိုတဲ့ မင်းသမီးချောလေး ရွှေသမီး

ကုလားစင်မျက်နှာပေါက်လေးနဲ့ မျက်လုံး မျက်ခုံးလေးတွေ အရမ်းလှတဲ့ မင်းသမီးချောလေး ရွှေသမီးကတော့ ပရိတ်သတ်တွေ အထူးချစ်ခင် အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ရွှေရွှေလေးလို့ ခေါ်ကြပါတယ်။ လက်ရှိမှာတော့ ရွှေရွှေလေးက ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လက်ခံရိုက်ကူးလျှက် ရှိနေပါတယ်။

ခုတစ်ခါမှာတော့ ရွှေရွှေက “နေထွက်တာကို ထိုင်ကြည့်ရတာကြိုက်တဲ့ ကောင်မလေး…
နေဝင်တာကို ထိုင်ကြည့်ရတာကြိုက်တဲ့ကောင်မလေး…
ကောင်းကင်က တိမ်စိုင်တွေကို ထိုင်ကြည့်ရတာကြိုက်တဲ့ ကောင်မလေး…
ညဘက် ကောင်းကင်ကကြယ်တွေကိုထိုင်ကြည့်ရတာကြိုက်တဲ့ ကောင်မလေး…
ဒီလိုလေးထိုင်ကြည့်ခွင့်ရနေတာကိုက ကျွန်မအတွက်ကံကောင်းခြင်းပါ ဘာလို့ဆို ကျွန်မ ဒီလိုလေးထိုင်ကြည့်နေရတာကိုနှစ်သက်တယ်လေ…”လို့ဆိုကာ‌ မျှဝေပေးလာခဲ့ပါတယ်။

ကဲ မင်းသမီးချောလေး ရွေရွှေရဲ့ ပရိတ်သတ်တွေအတွက် ကျေးလက်သဘာဝရဲ့ ရှုခင်းတွေနဲ့ ဖြစ်တည်မှုတွေဖြစ်တဲ့ နေဝင်ချိန်အလှလေးတွေနဲ့ သာယာလှပလွန်းနေတဲ့ ရွှေရွှေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ သဘောကျနှစ်သက်ကြတယ်ဆိုရင် Like and Shareလေး လုပ်ပေးသွားကြပါအုံးနော်။

Source; Shwe Thamee

Leave a Reply

Your email address will not be published.