





(Unicode)
အသက်၂၆နှစ်ပြည့်သွားပြီဖြစ်တဲ့ မေမေမြတ်ရတနာကျော်ရဲ့ မွေးနေ့အမှတ်တရပုံရိပ်များ
အဆိုတော် ထန်ခေးရဲ့ “ချစ်လွန်းလို့”ဆိုတဲ့ သီချင်းလေးမှာ သရုပ်ဆောင်ရင်းနဲ့ စတင်ပြီး သတိထားမိလာခဲ့တဲ့ TUကျောင်းသူလေး မြတ်ရတနာကျော်ကတော့ ယခုဆိုရင် အဆိုတော် R Boyနဲ့ အိမ်ထောင်ကျကာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါပြီ။ သူမဟာ အိမ်ထောင်ကျပြီးတာတောင် ယခုအထိ အပျိုလေးတစ်ယောက်လို အပြစ်ကင်းစင်ကာ လှနေဆဲပဲ ဖြစ်ပါတယ်။
သူမရဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် R Boyရဲ့ လိုလေးသေးမရှိ ထောက်ပံ့မှုကြောင့် စိတ်ချမ်းသာကာ အလှတွေ တိုးလာတာလည်း ပါပါတယ်။ ဒါ့အပြင် သူမတို့မိသားစုလေးက အမြဲလိုလို ခရီးတွေထွက်ကာ “Our Travel Diaries”ဆိုတဲ့ Pageလေးမှာ ခရီးသွား Vlogလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၂၂ရက်နေ့ကတော့ မေမေမြတ်ရတနာကျော်ရဲ့ ၂၆နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အသက် ၂၆နှစ် ပြည့်သွားပြီဖြစ်တဲ့ မေမေမြတ်ရဲ့ မွေးနေ့အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Myat Yadanar Kyaw