“ကြၽန္ေတာ္ မႏၲေလးၿမိဳ႕ႀကီးကို ခ်စ္တယ္”လို႔ ဆိုကာ ေရွးဆန္တဲ့ အမ်ိဳးသားတစ္ေယာက္အသြင္နဲ႔ ျမင္ရတဲ့ ၿငိမ္းေသာ္

ေမာ္ဒယ္ ဘဝကေန စၿပီး မိန္းကေလးပရိတ္သတ္ေတြရဲ႕ အထူးအားေပးမႈကို ရရွိခဲ့တဲ့ ၿငိမ္းေသာ္ကေတာ့ လက္ရွိမွာ ေအာင္ျမင္တဲ့ အႏုပညာလမ္းေၾကာင္းေပၚမာ ေလွ်ာက္လွမ္းေနတာကို ေတြ႕ရပါတယ္။ သူဟာ ကိုရီးယားဆန္တဲ့ မ်က္ႏွာေပါက္ေလးကို ပိုင္ဆိုင္ထားၿပီး ခန႔္ညားတဲ့ ဝတ္စားဆင္ယင္မႈေတြေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြက ပိုလို႔ အခ်စ္ပိုေနၾကရတာပါ။

အခုလက္ရွိမွာေတာ့ သူက ေမာ္ဒယ္အလုပ္အျပင္ ေၾကာ္ျငာ႐ိုက္ကူးေရးေတြကို လုပ္ေဆာင္လွ်က္ ရွိေနပါတယ္။ ဒါ့အျပင္ မၾကာေသးခင္ကမွ Cookiesကေန ထုတ္လႊင့္ျပသေနတဲ့ “နင္ရွိတဲ့ ကမာၻ”ဆိုတဲ့ ဇာတ္လမ္းေလးမွာလည္း ျမင့္မိုရ္ ဆိုတဲ့ ကာ႐ိုက္တာေလးနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားလွ်က္ ရွိပါတယ္။

ခုတစ္ခါမွာေတာ့ မင္းသားေခ်ာ ၿငိမ္းေသာ္က”ကြၽန္ေတာ္ မႏၲေလးၿမိဳ႕ႀကီးကို ခ်စ္တယ္”လို႔ ဆိုကာ ေရွးဆန္တဲ့ အမ်ိဳးသားတစ္ေယာက္အသြင္နဲ႔ ေခ်ာေမာခန႔္ညားလြန္းေနတဲ့ ပုံရိပ္ေလးေတြကို မွ်ေဝေပးလာခဲ့ပါတယ္။ မႏၲေလးၿမိဳ႕ႀကီးကို ခ်စ္တဲ့ ေမာ္ဒယ္ ၿငိမ္းေသာ္ရဲ႕ ပုံရိပ္တစ္ခ်ိဳ႕ကို ခ်စ္ပရိတ္‌သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Nyein Thaw

(Unicode)

“ကျွန်တော် မန္တလေးမြို့ကြီးကို ချစ်တယ်”လို့ ဆိုကာ ရှေးဆန်တဲ့ အမျိုးသားတစ်ယောက်အသွင်နဲ့ မြင်ရတဲ့ ငြိမ်းသော်

မော်ဒယ် ဘဝကနေ စပြီး မိန်းကလေးပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တဲ့ ငြိမ်းသော်ကတော့ လက်ရှိမှာ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်မာ လျှောက်လှမ်းနေတာကို တွေ့ရပါတယ်။ သူဟာ ကိုရီးယားဆန်တဲ့ မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားပြီး ခန့်ညားတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေက ပိုလို့ အချစ်ပိုနေကြရတာပါ။

အခုလက်ရှိမှာတော့ သူက မော်ဒယ်အလုပ်အပြင် ကြော်ငြာရိုက်ကူးရေးတွေကို လုပ်ဆောင်လျှက် ရှိနေပါတယ်။ ဒါ့အပြင် မကြာသေးခင်ကမှ Cookiesကနေ ထုတ်လွှင့်ပြသနေတဲ့ “နင်ရှိတဲ့ ကမ္ဘာ”ဆိုတဲ့ ဇာတ်လမ်းလေးမှာလည်း မြင့်မိုရ် ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားလျှက် ရှိပါတယ်။

ခုတစ်ခါမှာတော့ မင်းသားချော ငြိမ်းသော်က”ကျွန်တော် မန္တလေးမြို့ကြီးကို ချစ်တယ်”လို့ ဆိုကာ ရှေးဆန်တဲ့ အမျိုးသားတစ်ယောက်အသွင်နဲ့ ချောမောခန့်ညားလွန်းနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ မန္တလေးမြို့ကြီးကို ချစ်တဲ့ မော်ဒယ် ငြိမ်းသော်ရဲ့ ပုံရိပ်တစ်ချို့ကို ချစ်ပရိတ်‌သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Nyein Thaw

Leave a Reply

Your email address will not be published.