“မင္းကို စိတ္ကုန္တာတစ္ခုက တျခားမိန္းကေလးေတြေအာက္မွာ ေကာမန္႔သြားေပး အသဲသြားေပးေနတာကိုပဲ”လို႔ဆိုလာတဲ့ မေအးေသာင္း

ျမင္ရသူ ေအးခ်မ္းေစမယ့္ ျမန္မာဝတ္စုံေလးေတြကို ဝတ္ဆင္လာခဲ့တဲ့ ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာ ေအးဝတ္ရည္ေသာင္းကေတာ့ ဟိုးတစ္ေခတ္တစ္ခါကတည္းက ပုရိသေယာက္က်ားေလးေတြရဲ႕ အသည္းစြဲ မင္းသမီးတစ္လက္ပဲ ျဖစ္ပါတယ္ေနာ္။ ခုေနာက္ပိုင္းမွာ သူမရဲ႕ လွပေတာင့္တင္းတဲ့ ခႏၵာကိုယ္နဲ႔ လိုက္ဖက္စြာ ျမန္မာဝတ္စုံေလးေတြကို ဝတ္ဆင္လာတာေၾကာင့္ ပရိတ္သတ္ေတြက ေအးျမတဲ့ မေအးေသာင္းရယ္လို႔ ေခၚေဝၚလာၾကတာပဲ ျဖစ္ပါတယ္။

မေအးေသာင္းက မၾကာ‌ေသးခင္ကမွ ခ်စ္သူရည္းစားကို Officialေဖာ္ထုတ္ကာ ျပသခဲ့လို႔ ေယာက္က်ားထုႀကီးတစ္ခ်ိဳ႕ ဝမ္းနည္းပက္လက္ ျဖစ္ခဲ့ၾကပါေသးတယ္။ ဒါေပမယ့္ သူမက ရည္းစားနဲ႔ သူငယ္ခ်င္းရဲ႕တန္ဖိုး ကြာျခားပုံကို စာတိုေလးနဲ႔ နမူနာေပးကာ ကဗ်ာေတြ စပ္ခဲ့ပါေသးတယ္။

အခုတစ္ခါမွာေတာ့ ေတာ္ကီႂကြယ္တဲ့ မေအးေသာင္းက “မင္းကို စိတ္ကုန္တာတစ္ခုက
တျခားမိန္းကေလးေတြေအာက္မွာ
ေကာမန္႔သြားေပး အသဲသြားေပးေနတာကိုပဲ။
ကိုယ္ကလည္းမျမင္ခ်င္ေယာင္ေဆာင္မေနတတ္ေတာ့ခက္ေနၿပီ………”လို႔ဆိုကာ ေျပာလာခဲ့ပါတယ္။ မေအးေသာင္းရဲ႕ စိတ္ကုန္ေနမႈႀကီးကေတာ့ တကယ္ကို ပညာသားပါလြန္းပါတယ္ေနာ္ ပရိတ္သတ္ႀကီးေရ။

Source; Aye Thaung

(Unicode)

“မင်းကို စိတ်ကုန်တာတစ်ခုက တခြားမိန်းကလေးတွေအောက်မှာ ကောမန့်သွားပေး အသဲသွားပေးနေတာကိုပဲ”လို့ဆိုလာတဲ့ မအေးသောင်း

မြင်ရသူ အေးချမ်းစေမယ့် မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လာခဲ့တဲ့ နိုင်ငံကျော် မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ ဟိုးတစ်ခေတ်တစ်ခါကတည်းက ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်နော်။ ခုနောက်ပိုင်းမှာ သူမရဲ့ လှပတောင့်တင်းတဲ့ ခန္ဒာကိုယ်နဲ့ လိုက်ဖက်စွာ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လာတာကြောင့် ပရိတ်သတ်တွေက အေးမြတဲ့ မအေးသောင်းရယ်လို့ ခေါ်ဝေါ်လာကြတာပဲ ဖြစ်ပါတယ်။

မအေးသောင်းက မကြာ‌သေးခင်ကမှ ချစ်သူရည်းစားကို Officialဖော်ထုတ်ကာ ပြသခဲ့လို့ ယောက်ကျားထုကြီးတစ်ချို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် သူမက ရည်းစားနဲ့ သူငယ်ချင်းရဲ့တန်ဖိုး ကွာခြားပုံကို စာတိုလေးနဲ့ နမူနာပေးကာ ကဗျာတွေ စပ်ခဲ့ပါသေးတယ်။

အခုတစ်ခါမှာတော့ တော်ကီကြွယ်တဲ့ မအေးသောင်းက “မင်းကို စိတ်ကုန်တာတစ်ခုက
တခြားမိန်းကလေးတွေအောက်မှာ
ကောမန့်သွားပေး အသဲသွားပေးနေတာကိုပဲ။
ကိုယ်ကလည်းမမြင်ချင်ယောင်ဆောင်မနေတတ်တော့ခက်နေပြီ………”လို့ဆိုကာ ပြောလာခဲ့ပါတယ်။ မအေးသောင်းရဲ့ စိတ်ကုန်နေမှုကြီးကတော့ တကယ်ကို ပညာသားပါလွန်းပါတယ်နော် ပရိတ်သတ်ကြီးရေ။

Source; Aye Thaung

Leave a Reply

Your email address will not be published.