ႏိုင္ငံေက်ာ္ ေတးသံရွင္ အဆိုေတာ္ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ၾကာလာေလ ပိုႏုလာေလ ျဖစ္တဲ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ ငယ္႐ြယ္စဥ္ အဆိုေတာ္ေပါက္စဘဝေလးကတည္းက သူ႔ရဲ႕ Rapစာသားေတြနဲ႔ အလြမ္းအေဆြး သီခ်င္းေလးေတြဟာ ပရိတ္သတ္အခိုင္အမာ အားေပးမႈကို ရရွိခဲ့တာပါ။


လတ္တေလာမွာေတာ့ စိုင္းက သူရဲ႕ အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ “Sai Cosmetic”Brandကို ထုတ္လုပ္ထားကာ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ “Sai Cosmetic”ကေန ေမြးထုတ္ေပးခဲ့တဲ့ နာမည္ႀကီးေမာ္ဒယ္မ်ားဟာလည္း စိုင္းရဲ႕ အမာခံပရိတ္သတ္မ်ားပဲ ျဖစ္ပါတယ္။ စိုင္းဟာ Covidကာလအတြင္း အပ်င္းေျပရေအာင္ ပရိတ္သတ္ေတြကို Challengeေတြ ေခၚလွ်က္ ရွိေနတာကိုလည္း ေတြ႕ရပါတယ္။



စိုင္းက ခ်စ္ရတဲ့ပရိတ္သတ္ႀကီးကို ခုတစ္ခါမွာေတာ့ “ဆရာစံလမ္းက MG Myanmar Show Room သို႔ အလည္တစ္ေခါက္”လို႔ဆိုကာ အမွတ္တရပုံေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ စိုင္းရဲ႕ MG Myanmar Show Roomက ပုံရိပ္ေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source; Sai Sai Kham Leng
(Unicode)
“ဆရာစံလမ်းက MG Myanmar Show Room သို့ အလည်တစ်ခေါက်”လို့ဆိုလာတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်
နိုင်ငံကျော် တေးသံရှင် အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ကြာလာလေ ပိုနုလာလေ ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ် အဆိုတော်ပေါက်စဘဝလေးကတည်းက သူ့ရဲ့ Rapစာသားတွေနဲ့ အလွမ်းအဆွေး သီချင်းလေးတွေဟာ ပရိတ်သတ်အခိုင်အမာ အားပေးမှုကို ရရှိခဲ့တာပါ။
လတ်တလောမှာတော့ စိုင်းက သူရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ “Sai Cosmetic”Brandကို ထုတ်လုပ်ထားကာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ “Sai Cosmetic”ကနေ မွေးထုတ်ပေးခဲ့တဲ့ နာမည်ကြီးမော်ဒယ်များဟာလည်း စိုင်းရဲ့ အမာခံပရိတ်သတ်များပဲ ဖြစ်ပါတယ်။ စိုင်းဟာ Covidကာလအတွင်း အပျင်းပြေရအောင် ပရိတ်သတ်တွေကို Challengeတွေ ခေါ်လျှက် ရှိနေတာကိုလည်း တွေ့ရပါတယ်။
စိုင်းက ချစ်ရတဲ့ပရိတ်သတ်ကြီးကို ခုတစ်ခါမှာတော့ “ဆရာစံလမ်းက MG Myanmar Show Room သို့ အလည်တစ်ခေါက်”လို့ဆိုကာ အမှတ်တရပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ စိုင်းရဲ့ MG Myanmar Show Roomက ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Sai Sai Kham Leng