“ပန္းကိုခ်စ္တဲ့ ပန္းခ်စ္သူ..🌸”လို႔ဆိုကာ အရမ္းလွတဲ့ပန္းခင္းတစ္ေနရာက ပုံေလးေတြ မွ်ေဝေပးလာတဲ့ ယင္းမာေလး

MRTV 4 က ထုတ္လႊင့္တဲ့ ဆရာ လယ္တြင္းသားေစာခ်စ္ရဲ႕ “ကြၽန္ေတာ္ အမုန္းဆုံး ကြၽန္ေတာ္”ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ ယင္းမာ ဆိုတဲ့ ကာ႐ိုက္တာေလးကေန စတင္သ႐ုပ္ေဆာင္ၿပီး ပရိတ္သတ္ အခိုင္အမာ ရရွိခဲ့တဲ့ သူေလးကေတာ့ မင္းသမီးေခ်ာေလး ေနရည္ဝင္းလဲ့ပဲ ျဖစ္ပါတယ္။ ယင္းမာေလးဟာဗီလိန္ဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ပရိတ္သတ္ေတြရဲ႕ အထူး အားေပးမႈကို ရရွိခဲ့တာပါ။

ဒါ့အျပင္ သူမက ဖြံ႕ထြားတဲ့ ခႏၵာကိုယ္ကို ပိုင္ဆိုင္ထားၿပီး ခ်ိဳျမတဲ့ ပါးခ်ိဳင့္အႀကီးႀကီးေၾကာင့္ ပရိတ္သတ္ေတြက အခ်စ္ေတြ ပိုေနၾကတာပဲ ျဖစ္ပါတယ္။‌ လတ္တေလာမွာေတာ့ ယင္းမာေလးက ေၾကာ္ျငာ႐ိုက္ကူးေရးေတြကို လက္ခံ ႐ိုက္ကူးလွ်က္ ရွိေနတာကို ေတြ႕ရပါတယ္။ ယင္းမာေလးက သူမရဲ႕ ခ်စ္ပရိတ္သတ္ေတြအတြက္ ခရီးသြားပုံရိပ္ေလးေတြကိုလည္း အၿမဲလိုလို မွ်ေဝေပးေလ့ ရွိပါတယ္။

ခုတစ္ခါမွာေတာ့ ယင္းမာေလးက “ပန္းကိုခ်စ္တဲ့ ပန္းခ်စ္သူ..🌸အရမ္းလွတဲ့ပန္းခင္းေလးရဲ႕ ေနရာေလး သိခ်င္ေနၾကမယ္ထင္လို႔ပါ ..🌹
ေနရာေလးက ေမွာ္ဘီၿမိဳ႕ ျပည္လမ္းမႀကီးအတိုင္းလာရင္ နတ္စင္လမ္းကိုေတြ႕ပါမယ္ ..နတ္စင္လမ္းအတိုင္းတည့္တည့္ႀကီးဝင္သြားရင္ ကုလားႀကီးကုန္းေက်း႐ြာလို႔ ဆိုင္းဘုတ္ေတြ႕ပါမယ္..အဲ့႐ြာေလးမွာ ပန္းခင္းေတြအမ်ားႀကီး ရွိပါတယ္ရွင့္ လွတဲ့ အခင္းေလးကိုေ႐ြး႐ိုက္ေနာ္ အျဖဴခင္းရယ္ အဝါခင္းရယ္ ဆိုၿပီးေ႐ြး႐ိုက္လို႔ရပါတယ္ရွင့္ ..ႏွင္းဆီခင္းလဲရွိေသးပါတယ္တဲ့ ..🥰💐
ဓါတ္ပုံ႐ိုက္ၿပီးရင္ ဘုရားပန္းေလးေတြေတာ့ အားေပးခဲ့ေနာ္ ပန္းေလးေတြက အရမ္းလွၿပီးေဈးတန္ပါတယ္ ရွင့္ ..🥰အခင္းပိုင္ရွင္ေတြကလဲ အရမ္းသေဘာေကာင္းပါတယ္ .😍”လို႔ဆိုကာ မွ်ေဝေပးခဲ့ပါတယ္။

Source; Nay Yee Win Lai

(Unicode)

“ပန်းကိုချစ်တဲ့ ပန်းချစ်သူ..🌸”လို့ဆိုကာ အရမ်းလှတဲ့ပန်းခင်းတစ်နေရာက ပုံလေးတွေ မျှဝေပေးလာတဲ့ ယင်းမာလေး

MRTV 4 က ထုတ်လွှင့်တဲ့ ဆရာ လယ်တွင်းသားစောချစ်ရဲ့ “ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ယင်းမာ ဆိုတဲ့ ကာရိုက်တာလေးကနေ စတင်သရုပ်ဆောင်ပြီး ပရိတ်သတ် အခိုင်အမာ ရရှိခဲ့တဲ့ သူလေးကတော့ မင်းသမီးချောလေး နေရည်ဝင်းလဲ့ပဲ ဖြစ်ပါတယ်။ ယင်းမာလေးဟာဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တာပါ။

ဒါ့အပြင် သူမက ဖွံ့ထွားတဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားပြီး ချိုမြတဲ့ ပါးချိုင့်အကြီးကြီးကြောင့် ပရိတ်သတ်တွေက အချစ်တွေ ပိုနေကြတာပဲ ဖြစ်ပါတယ်။‌ လတ်တလောမှာတော့ ယင်းမာလေးက ကြော်ငြာရိုက်ကူးရေးတွေကို လက်ခံ ရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ယင်းမာလေးက သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် ခရီးသွားပုံရိပ်လေးတွေကိုလည်း အမြဲလိုလို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ ယင်းမာလေးက “ပန်းကိုချစ်တဲ့ ပန်းချစ်သူ..🌸အရမ်းလှတဲ့ပန်းခင်းလေးရဲ့ နေရာလေး သိချင်နေကြမယ်ထင်လို့ပါ ..🌹
နေရာလေးက မှော်ဘီမြို့ ပြည်လမ်းမကြီးအတိုင်းလာရင် နတ်စင်လမ်းကိုတွေ့ပါမယ် ..နတ်စင်လမ်းအတိုင်းတည့်တည့်ကြီးဝင်သွားရင် ကုလားကြီးကုန်းကျေးရွာလို့ ဆိုင်းဘုတ်တွေ့ပါမယ်..အဲ့ရွာလေးမှာ ပန်းခင်းတွေအများကြီး ရှိပါတယ်ရှင့် လှတဲ့ အခင်းလေးကိုရွေးရိုက်နော် အဖြူခင်းရယ် အဝါခင်းရယ် ဆိုပြီးရွေးရိုက်လို့ရပါတယ်ရှင့် ..နှင်းဆီခင်းလဲရှိသေးပါတယ်တဲ့ ..🥰💐
ဓါတ်ပုံရိုက်ပြီးရင် ဘုရားပန်းလေးတွေတော့ အားပေးခဲ့နော် ပန်းလေးတွေက အရမ်းလှပြီးဈေးတန်ပါတယ် ရှင့် ..🥰အခင်းပိုင်ရှင်တွေကလဲ အရမ်းသဘောကောင်းပါတယ် .😍”လို့ဆိုကာ မျှဝေပေးခဲ့ပါတယ်။

Source; Nay Yee Win Lai

Leave a Reply

Your email address will not be published. Required fields are marked *