အၿမဲလိုလို အလႉအတန္းေတြလုပ္ကာ ပရိတ္သတ္ေတြကို ခ်စ္ေပးတဲ့ မင္းသမီးကေတာ့ တစ္ေခတ္တစ္ခါကတည္းက နာမည္ေက်ာ္ လူသိမ်ားခဲ့ရတဲ့ စမိုင္းလ္ပဲ ျဖစ္ပါတယ္။ စမိုင္းလ္ဟာဆိုရင္ လက္ရွိမွာ ခင္ပြန္းေကာင္းတစ္ေယာက္ကို ရထားကာ ခ်စ္စရာေကာင္းၿပီး လိမၼာယဥ္ေက်းတဲ့ သမီးေခ်ာေလးႏွစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားပါတယ္။




အေျခခံလူတန္းစား ဘဝကေန ခင္ပြန္းျဖစ္သူနဲ႔အတူ ႀကိဳစား႐ုန္းကန္ၿပီး ရွာေဖြဆုေဆာင္းခဲ့ကာ ယခုဆိုရင္ တစ္သက္စားမကုန္တဲ့ စည္းစိမ္ေတြနဲ႔ ခ်မ္းသာႂကြယ္ဝေနတာကို ျမင္ရပါတယ္။ သူမရဲ႕ ႂကြယ္ဝခ်မ္းသာမႈေတြဟာဆိုရင္ ျပည္သူေတြအေပၚကိုလည္း အက်ိဳးျပဳေစခဲ့ပါတယ္။ အလႉအတန္းေတြကို အစဥ္မျပတ္ ရက္ေရာစြာ အၿမဲလိုလို လုပ္ေဆာင္လွ်က္ရွိေနပါတယ္။ သူမရဲ႕ ခ်စ္ပရိတ္သတ္ေတြအတြက္လည္း သူမရဲ႕ေမြးေန႔ပြဲတိုင္းလိုလိုမွာ အႀကီးအက်ယ္ ပြဲေတြကို လုပ္ေပးၿပီး ကံစမ္းမဲေတြ၊ ဆုေၾကးေငြေတြ အၿမဲလိုလို မဲေဖာက္ေပးေလ့ ရွိပါတယ္။





ခုတစ္ခါမွာေတာ့ သ႐ုပ္ေဆာင္ စမိုင္းလ္က “11/01/21 ေမေမ့သမီးႀကီး ၁၆ႏွစ္လည္းျပည့္ၿပီဆိုေတာ့ပိုၿပီးစဥ္းစားတတ္လာရမယ္၊ လူေတြအေၾကာင္းသိေအာင္ႀကိဳးစားရမယ္။ ကိုယ္တိုင္လည္း Online shop ေလးလုပ္ေနၿပီဆိုေတာ့လူေတြကိုဘယ္လိုေျပာဆိုရမယ္ဆိုတာေတြလည္းေျဖးေျဖးခ်င္းသေဘာေပါက္ေနၿပီ။ ပ္ုက္ဆံရွာရတာထင္သေလာက္မလြယ္ဘူးဆိုတာသိလာၿပီေနာ္။ အလုပ္ေတြအဆင္ေျပလာေလပိုပင္ပန္းေလဆိုတာလည္းသိလာၿပီေနာ္။ ဘဝမွာလုပ္စရာေတြအမ်ားႀကီးက်န္ေသးတယ္ ေအးေဆး ကေလးေလးလုပ္အုန္းေနာ္ 😚 လိမၼာသိတတ္တဲ့ကေလးေလးေမေမနဲ႔ daddy ရဲ႕အသဲႀကီးသမီး Portia Happy sweet sixteen birthday 🎂 Portia Maung ေပၚရွာ”လို႔ဆိုကာ ဆုေတာင္းမွ်ေဝေပးခဲ့ပါတယ္။ ဒါ့အျပင္ ေပၚရွာရဲ႕ေမြးေန႔မွာ ႀကီးၾကယ္ခမ္းနားတဲ့ အလႉတစ္ခုကိုလည္း လုပ္ေဆာင္သြားဖို႔ ရွိေနတာကို ေတြ႕ရပါတယ္။
Source; Smile
(Unicode)
အသက် ၁၆နှစ် ပြည့်သွားပြီဖြစ်တဲ့ အလှူ့ဒါယကာမကြီး မင်းသမီးချော စမိုင်းလ်ရဲ့ သမီးအကြီးလေး Portia Maung ပေါ်ရှာ
အမြဲလိုလို အလှူအတန်းတွေလုပ်ကာ ပရိတ်သတ်တွေကို ချစ်ပေးတဲ့ မင်းသမီးကတော့ တစ်ခေတ်တစ်ခါကတည်းက နာမည်ကျော် လူသိများခဲ့ရတဲ့ စမိုင်းလ်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်ဟာဆိုရင် လက်ရှိမှာ ခင်ပွန်းကောင်းတစ်ယောက်ကို ရထားကာ ချစ်စရာကောင်းပြီး လိမ္မာယဉ်ကျေးတဲ့ သမီးချောလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
အခြေခံလူတန်းစား ဘဝကနေ ခင်ပွန်းဖြစ်သူနဲ့အတူ ကြိုစားရုန်းကန်ပြီး ရှာဖွေဆုဆောင်းခဲ့ကာ ယခုဆိုရင် တစ်သက်စားမကုန်တဲ့ စည်းစိမ်တွေနဲ့ ချမ်းသာကြွယ်ဝနေတာကို မြင်ရပါတယ်။ သူမရဲ့ ကြွယ်ဝချမ်းသာမှုတွေဟာဆိုရင် ပြည်သူတွေအပေါ်ကိုလည်း အကျိုးပြုစေခဲ့ပါတယ်။ အလှူအတန်းတွေကို အစဉ်မပြတ် ရက်ရောစွာ အမြဲလိုလို လုပ်ဆောင်လျှက်ရှိနေပါတယ်။ သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက်လည်း သူမရဲ့မွေးနေ့ပွဲတိုင်းလိုလိုမှာ အကြီးအကျယ် ပွဲတွေကို လုပ်ပေးပြီး ကံစမ်းမဲတွေ၊ ဆုကြေးငွေတွေ အမြဲလိုလို မဲဖောက်ပေးလေ့ ရှိပါတယ်။
ခုတစ်ခါမှာတော့ သရုပ်ဆောင် စမိုင်းလ်က “11/01/21 မေမေ့သမီးကြီး ၁၆နှစ်လည်းပြည့်ပြီဆိုတော့ပိုပြီးစဉ်းစားတတ်လာရမယ်၊ လူတွေအကြောင်းသိအောင်ကြိုးစားရမယ်။ ကိုယ်တိုင်လည်း Online shop လေးလုပ်နေပြီဆိုတော့လူတွေကိုဘယ်လိုပြောဆိုရမယ်ဆိုတာတွေလည်းဖြေးဖြေးချင်းသဘောပေါက်နေပြီ။ ပ်ုက်ဆံရှာရတာထင်သလောက်မလွယ်ဘူးဆိုတာသိလာပြီနော်။ အလုပ်တွေအဆင်ပြေလာလေပိုပင်ပန်းလေဆိုတာလည်းသိလာပြီနော်။ ဘဝမှာလုပ်စရာတွေအများကြီးကျန်သေးတယ် အေးဆေး ကလေးလေးလုပ်အုန်းနော် 😚 လိမ္မာသိတတ်တဲ့ကလေးလေးမေမေနဲ့ daddy ရဲ့အသဲကြီးသမီး Portia Happy sweet sixteen birthday 🎂 Portia Maung ပေါ်ရှာ”လို့ဆိုကာ ဆုတောင်းမျှဝေပေးခဲ့ပါတယ်။ ဒါ့အပြင် ပေါ်ရှာရဲ့မွေးနေ့မှာ ကြီးကြယ်ခမ်းနားတဲ့ အလှူတစ်ခုကိုလည်း လုပ်ဆောင်သွားဖို့ ရှိနေတာကို တွေ့ရပါတယ်။
Source; Smile