






Source; Nyein Thaw
(Unicode)
“ကျနော့် အချစ်က ရိုးရှင်းတယ် အေးချမ်းတယ်”လို့ဆိုလာတဲ့ မင်းသားချော ငြိမ်းသော်
မော်ဒယ် ဘဝကနေ စပြီး မိန်းကလေးပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တဲ့ ငြိမ်းသော်ကတော့ လက်ရှိမှာ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်မာ လျှောက်လှမ်းနေတာကို တွေ့ရပါတယ်။ သူဟာ ကိုရီးယားဆန်တဲ့ မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားပြီး ခန့်ညားတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေက ပိုလို့ အချစ်ပိုနေကြရတာပါ။
အခုလက်ရှိမှာတော့ သူက မော်ဒယ်အလုပ်အပြင် ကြော်ငြာရိုက်ကူးရေးတွေကို လုပ်ဆောင်လျှက် ရှိနေပါတယ်။ ဒါ့အပြင် မကြာသေးခင်ကမှ Cookiesကနေ ထုတ်လွှင့်ပြသနေတဲ့ “နင်ရှိတဲ့ ကမ္ဘာ”ဆိုတဲ့ ဇာတ်လမ်းလေးမှာလည်း မြင့်မိုရ် ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားလျှက် ရှိပါတယ်။
ခုတစ်ခါမှာတော့ မင်းသားချော ငြိမ်းသော်က “ကျနော့် အချစ်က ရိုးရှင်းတယ် အေးချမ်းတယ်”လို့ဆိုကာ ခန့်ညားချောမောတဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ရိုးရှင်းအေးချမ်းတဲ့ မင်းသားချော ငြိမ်းသော်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Nyein Thaw