





(Unicode)
“ဒီလို မိသားစုခရီးလေး ပြန်ထွက်ချင်မိ ?”လို့ဆိုကာ မိသားစုနဲ့အတူ ကမ်းခြေသွားခဲ့တဲ့ အမှတ်တရပုံလေးကို မျှဝေပေးလာတဲ့ ယွန်းဝတီလွင်မိုး
နိုင်ငံကျော် သရုပ်ဆောင် မင်းသားကြီး ဦးလွင်မိုးရဲ့ ချစ်စရာကောင်းပြီး လိမ္မာ လှပတဲ့ သမီးချောလေးနှစ်ယောက်ကတော့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သမီးအကြီးလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျကာ သားချောလေး Liamလေးကို မွေးဖွားထားပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ခေးလေးလို့ ခေါ်ကြပါတယ်။
ခေးလေး ယွန်းဝတီဟာ အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားလို့ သူမရဲ့ပရိတ်သတ်တွေက နှမြောကြပေမယ့် လက်ရှိမှာ Liamလေးကြောင့် ပိုလို့ ပရိတ်သတ်တွေ တိုးလာကာ အခုဆိုရင် သားအမိနှစ်ယောက်အပြိုင် အချစ်ခံနေရတာကို တွေ့ရပါတယ်။ ခေးလေးက ပညာမစုံသေးခင် အိမ်ထောင်ကျတဲ့အတွက် သားလေးLiamကို ဂရုမစိုက်အားပဲ နိုင်ငံခြားမှာ ပညာဆက်လက်ဆည်းပူးနေတာကို တွေ့ရပါတယ်။ သားလေးနဲ့ အမြဲလိုလို Video Callပြောရင်း အလွမ်းသယ်လေ့ ရှိပါတယ်။ အဘိုးဖြစ်သူ ဦးလွင်မိုးကတော့ မြေးချောလေး Liamကိုထိန်းကာ တစ်နေ့တစ်မျိုး မရိုးရတဲ့ videoလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။
ခုတစ်ခါမှာတော့ ခေးက “ဒီလို မိသားစုခရီးလေး ပြန်ထွက်ချင်မိ ?”လို့ဆိုကာ မိသားစုနဲ့အတူ ကမ်းခြေသွားခဲ့တဲ့ အမှတ်တရပုံလေးကို မျှဝေပေးလာခဲ့ပါတယ်။ ကမ်းခြေမှာ ချစ်ရတဲ့ မိသားစုလေးနဲ့အရမ်းကို ပျော်နေတဲ့ ယွန်းတို့ရဲ့ ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Yoon Wady Lwin Moe