MRTV 4မွာ မင္းသမီးေခ်ာ ပိုးၾကာျဖဴခင္ရဲ႕ စတင္ေအာင္ျမင္ခဲ့တဲ့ “မိုးေကာင္းကင္အိမ္မက္”ဇာတ္လမ္းတြဲေလး ျပန္လည္ျပသ

MRTV 4ရဲ႕ မင္းသမီးေခ်ာေလးတစ္ေယာက္ျဖစ္တဲ့ ပိုးၾကာျဖဴခင္ကေတာ့ ပရိတ္သတ္အခိုင္အမာ ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမကို အားလုံးက ဆိုင္းမိုင္လို႔ သိၾကပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူမရဲ႕ ပထမဆုံး ေအာင္ျမင္ခဲ့တဲ့ “မိုးေကာင္းကင္အိမ္က္” ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ သူမက ဆိုင္းမိုင္ဆိုတဲ့ ကာ႐ိုက္တာေလးကေန စတင္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဆိုင္းမိုင္ေလးဟာ ဒီဇာတ္လမ္းတြဲေလးကေန နယ္ပရိတ္သတ္ေတြရဲ႕ အထူး အားေပးမႈကို ရရွိခဲ့တာပါ။

ေအာင္ျမင္လာတာနဲ႔အမွ် မင္းသမီးေခ်ာ ပိုးၾကာျဖဴခင္ဟာ နယ္က ပြဲေတြမွာ ေဖ်ာ္ေျဖေရး အစီအစဥ္ေတြကို ဆက္တိုက္ဆိုသလို လုပ္ေဆာင္ခဲ့ရပါတယ္။ ခုလတ္တေလာမွာေတာ့ ေၾကာ္ျငာ႐ိုက္ကူးေရးေတြကို ဦးစားေပး လုပ္ေဆာင္ေနတာကို ေတြ႕ရပါတယ္။ မၾကာေသးခင္ကမွလည္း “ေအာင္ေျမေစတနာ အိမ္ၿခံေျမအက်ိဳးေဆာင္” ေၾကာ္ျငာေလးကို ႐ိုက္ကူးၿပီးစီးခဲ့ပါတယ္။ ျမန္မာဖက္ရွင္ေလးေတြနဲ႔ လိုက္ဖက္လြန္းတဲ့ ဆိုင္းမိုင္ေလးဟာ ျမန္မာဝတ္စုံေၾကာ္ျငာေလးေတြ မွာလည္း အၿမဲေတြ႕ရပါတယ္။

ခုတစ္ခါမွာေတာ့ ပရိသတ္ေတြအားလုံးေစာင့္ေမွ်ာ္ေနတဲ့ “မိုးေကာင္းကင္အိပ္မက္” ႐ုပ္သံဇာတ္လမ္းတြဲကို ၆-၁-၂၀၂၁ ရက္ေန႔မွ စတင္ၿပီး အပတ္စဥ္ တနလၤာေန႔ မွ ေသာၾကာေန႔ ၊ ည(၈:၄၅) အခ်ိန္၊ MRTV-4 ႐ုပ္သံလိုင္းမွာ ေစာင့္ေမွ်ာ္ၾကည့္ရႈႏိုင္ၿပီပဲ ျဖစ္ပါတယ္။ ကဲ ဆိုင္းမိုင္ေလးရဲ႕ ပရိတ္သတ္ႀကီးေရ ေစာင့္ၾကည့္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီလားဆိုတာကို ေျဖခဲ့ပါအုံးေနာ္။

Source; Poe Kyar Phyu Khin

(Unicode)

MRTV 4မှာ မင်းသမီးချော ပိုးကြာဖြူခင်ရဲ့ စတင်အောင်မြင်ခဲ့တဲ့ “မိုးကောင်းကင်အိမ်မက်”ဇာတ်လမ်းတွဲလေး ပြန်လည်ပြသ

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ဆိုင်းမိုင်လို့ သိကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူမရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ “မိုးကောင်းကင်အိမ်က်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သူမက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးကနေ စတင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုင်းမိုင်လေးဟာ ဒီဇာတ်လမ်းတွဲလေးကနေ နယ်ပရိတ်သတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တာပါ။

အောင်မြင်လာတာနဲ့အမျှ မင်းသမီးချော ပိုးကြာဖြူခင်ဟာ နယ်က ပွဲတွေမှာ ဖျော်ဖြေရေး အစီအစဉ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ရပါတယ်။ ခုလတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို ဦးစားပေး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ မကြာသေးခင်ကမှလည်း “အောင်မြေစေတနာ အိမ်ခြံမြေအကျိုးဆောင်” ကြော်ငြာလေးကို ရိုက်ကူးပြီးစီးခဲ့ပါတယ်။ မြန်မာဖက်ရှင်လေးတွေနဲ့ လိုက်ဖက်လွန်းတဲ့ ဆိုင်းမိုင်လေးဟာ မြန်မာဝတ်စုံကြော်ငြာလေးတွေ မှာလည်း အမြဲတွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ပရိသတ်တွေအားလုံးစောင့်မျှော်နေတဲ့ “မိုးကောင်းကင်အိပ်မက်” ရုပ်သံဇာတ်လမ်းတွဲကို ၆-၁-၂၀၂၁ ရက်နေ့မှ စတင်ပြီး အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့ ၊ ည(၈:၄၅) အချိန်၊ MRTV-4 ရုပ်သံလိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ ကဲ ဆိုင်းမိုင်လေးရဲ့ ပရိတ်သတ်ကြီးရေ စောင့်ကြည့်ဖို့ အဆင်သင့် ဖြစ်နေပြီလားဆိုတာကို ဖြေခဲ့ပါအုံးနော်။

Source; Poe Kyar Phyu Khin

Leave a Reply

Your email address will not be published.