စာေရးဆရာႀကီး “ေမာင္စိန္ဝင္း(ပုတီးကုန္း)”ရဲ႕ ကဗ်ာေလး တစ္ပုဒ္နဲ႔အတူ ေရွးေခတ္မိန္းမပ်ိဳေလးတစ္ဦးရဲ႕ အသြင္နဲ႔ ျမင္ရတဲ့ အျခည္ေလး

MRTV 4ရဲ႕ ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ “မ်က္လုံးမွာ အလြမ္း ႏႈတ္ခမ္းမွာ မာန”ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ ႏွင္းေႏြဆိုတဲ့ ေကာင္မေလးအျဖစ္နဲ႔ နာမည္ႀကီးကာ လူသိမ်ားလာခဲ့ရတဲ့ သူကေတာ့ မင္းသမီးေခ်ာေလး ေနျခည္႐ႊန္းလက္ပဲ ျဖစ္ပါတယ္။ သူမကို အားလုံးက အျခည္ေလးလို႔ ခ်စ္စႏိုးေခၚၾကပါတယ္။

အျခည္ေလးဟာ ပိန္သြယ္ကပ္ခ်ပ္တဲ့ ခႏၵာကိုယ္ေလးကို ပိုင္ဆိုင္ထားၿပီး ဆံႏြယ္ရွည္ရွည္ေလးေၾကာင့္လည္း အလွေပၚအယဥ္ဆင့္ကာ ခ်စ္တဲ့သူေတြ ပိုမ်ားလာခဲ့တာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ အျခည္ေလးက အားကစားေတြကို အဆက္မျပတ္လုပ္ေနကာ အၿမဲလိုလို သူမရဲ႕ လႈပ္ရွားမႈေတြကို မွ်ေဝေပးေလ့ ရွိပါတယ္။

ခုတစ္ခါမွာေတာ့ အျခည္ေလးက
“တစ္ပြင့္ေႂကြ တစ္ပြင့္သစ္
ပန္းျဖစ္လွ်င္လည္း အေကာင္းသား
ေမာင္စိန္ဝင္း(ပုတီးကုန္း)” လို႔ဆိုကာ ႐ိုးရွင္းတဲ့ ပါတိတ္ထဘီေလးနဲ႔ ဇာအက်ႌလက္ရွည္ေလးကို ဝတ္ဆင္ကာ ေရွးေခတ္မိန္းမပ်ိဳေလးတစ္ဦးရဲ႕ အသြင္နဲ႔ ျမင္ရတဲ့ သူမရဲ႕ ပုံရိပ္ေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ ႐ိုးရွင္းၿပီး ယဥ္လွတဲ့ အျခည္ေလးရဲ႕ ပုံရိပ္ေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Nay Chi Shoon Lak

(Unicode)

စာရေးဆရာကြီး “မောင်စိန်ဝင်း(ပုတီးကုန်း)”ရဲ့ ကဗျာလေး တစ်ပုဒ်နဲ့အတူ ရှေးခေတ်မိန်းမပျိုလေးတစ်ဦးရဲ့ အသွင်နဲ့ မြင်ရတဲ့ အခြည်လေး

MRTV 4ရဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ နှင်းနွေဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ နာမည်ကြီးကာ လူသိများလာခဲ့ရတဲ့ သူကတော့ မင်းသမီးချောလေး နေခြည်ရွှန်းလက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက အခြည်လေးလို့ ချစ်စနိုးခေါ်ကြပါတယ်။

အခြည်လေးဟာ ပိန်သွယ်ကပ်ချပ်တဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ဆံနွယ်ရှည်ရှည်လေးကြောင့်လည်း အလှပေါ်အယဉ်ဆင့်ကာ ချစ်တဲ့သူတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အခြည်လေးက အားကစားတွေကို အဆက်မပြတ်လုပ်နေကာ အမြဲလိုလို သူမရဲ့ လှုပ်ရှားမှုတွေကို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ အခြည်လေးက
“တစ်ပွင့်ကြွေ တစ်ပွင့်သစ်
ပန်းဖြစ်လျှင်လည်း အကောင်းသား
မောင်စိန်ဝင်း(ပုတီးကုန်း)” လို့ဆိုကာ ရိုးရှင်းတဲ့ ပါတိတ်ထဘီလေးနဲ့ ဇာအင်္ကျီလက်ရှည်လေးကို ဝတ်ဆင်ကာ ရှေးခေတ်မိန်းမပျိုလေးတစ်ဦးရဲ့ အသွင်နဲ့ မြင်ရတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ရိုးရှင်းပြီး ယဉ်လှတဲ့ အခြည်လေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Nay Chi Shoon Lak

Leave a Reply

Your email address will not be published.