






Source; May
(Unicode)
လှပတဲ့ နေဝင်ချိန်လေးနဲ့အတူ ဆွဲဆောင်မှုရှိစွာ လှနေပြန်တဲ့ အဆိုတော် မေရဲ့ ပုံရိပ်များ
ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ မင်းသမီးတစ်လက်ဖြစ်တဲ့ မေကတော့ အောင်မြင်တဲ့ အဆိုတော် သရုပ်ဆောင် မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ သူမဟာ အဆိုတော် ဘရိတ်ကီနဲ့ တွဲဖက်ပြီး “အားကိုးမယ်နော်” ဆိုတဲ့ သင်္ကြန်သီချင်းလေးမှာ စတင် ပါဝင်ကာ အနုပညာအလုပ်တွေကို လုပ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ မေက အသည်းကွဲအဆွေး သီချင်းလေးတွေကို ဖန်တီသီဆိုကာ သူမရဲ့ ချိုချိုမြမြအသံအေးအေးလေးနဲ့လည်း အရမ်းကို လိုက်ဖက်လွန်းလှပါတယ်။ မေဟာ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးလျှက် ရှိနေပြီး ကြော်ငြာရိုက်ကူးရေးတွေကိုလည်း လက်ခံရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမြဲလိုလို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ စွဲမက်စရာကောင်းတဲ့ ညို့အားပြင်းတဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလျှက် ရှိပါတယ်။
ခုတစ်ခါမှာတော့ အဆိုတော်မေက လှပတဲ့ နေဝင်ချိန်လေးနဲ့အတူ ဆွဲဆောင်မှုရှိစွာ လှနေပြန်တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ နေဝင်ချိန်လေးရဲ့ အလှနဲ့ ပိန်သွယ်ကပ်ချပ်နေတဲ့ မေရဲ့ အလှတရားလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; May