








Source; Khin Wint War
(Unicode)
နှစ်သစ်နှစ်ဦး အလှူလေးအဖြစ် မေတ္တာမွန်ပရဟိတ ကျောင်းရှိ ဆရာတော် နှင့် ကျောင်းရှိကလေး (၁၀၀) ကျော်ကို တနေ့တာ အာဟာရ ဒါန ပြုလုပ်ခဲ့တဲ့ ခေး
အရုပ်မလေးမျက်နှာနဲ့ သွယ်လျလှပတဲ့ ခန္ဒာကိုယ် သွယ်သွယ်လေးကြောင့် အလှမယ် တစ်ယောက် ဖြစ်ခဲ့တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အခုချိန်မှာ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ အသံလေးနဲ့ အမူအရာလေးတွေကြောင့် ပုရိသယောက်ကျားလေးတွေရဲ့ အသည်းကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှ အကယ်ဒမီ မင်းသားချော နေတိုးနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တဲ့ “တိမ်တိုက်တံတား”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိတ်သတ်တွေရဲ့ အကြိုက်ကို တွေ့စေခဲ့ကာ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။ ခင်ဝင့်ဝါက လက်ရှိမှာလည်း ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ မင်းသမီးချောလေး ခင်ဝင့်ဝါက”နှစ်သစ်နှစ်ဦး အလှူလေး အဖြစ် မေတ္တာမွန်ပရဟိတ ကျောင်း ရှိ ဆရာတော် နှင့် ကျောင်းရှိကလေး (၁၀၀) ကျော်ကို တနေ့တာ အာဟာရ ဒါန ပြုလုပ်ခဲ့ပါတယ်ရှင့် ??
Lactasoy မှ လည်း Lactasoy ပဲနို့များပါဝင်လှူဒါန်းပေးလို့ကျေးဇူးပါရှင့်?
ပျော်ရွှင်စရာကောင်းသော နှစ်သစ်ဖြစ်ပါစေလို့ခေး ချစ်ရသူတစ်ဦးတစ်ယောက်ခြင်းစီ ကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်??”လို့ဆိုကာ မွန်မြတ်တဲ့ ကုသိုလ်လေးတွေကို ပြုလုပ်ခဲ့ပါတယ်။
Source; Khin Wint War