




(Unicode)

“အပြုံးသစ် အတွေးသစ် အမြင်သစ်တွေနဲ့ 2021 ကိုစတင်ကြမယ်နော် …. ❤️ “လို့ဆိုလာတဲ့ ဝင့်ယမုံနိုင်

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဝင့်ယမုံနိုင်ကိုတော့ “ကျမက မဟေသီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ စတင်ပြီးတော့ ပရိတ်သတ်တွေ သတိထားမိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူမဟာဆိုရင် ထားဝယ်တိုင်းရင်းသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက ကြော်ငြာရိုက်ကူးရေးတွေကို လက်ခံပြီး ရိုက်ကူးလျှက် ရီနေတာကိုလည်း တွေ့ရပါတယ်။

မင်းသမီးချောလေး ဝင့်ယမုံနိုင်က သူမရဲ့မွေးနေ့ဖြစ်တဲ့ August 1ရက်နေ့တုန်းကလည်း အမျိုးသားသွေးဌာနမှာ သွေးလှူခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါသေးတယ်။ အလှူအတန်းတွေဆိုလည်း နေရာဒေသမရွေး အမြဲတမ်း တစ်ဖက်တစ်လှမ်းကနေ ကူညီပေးနေတဲ့ သူမကိုတော့ ပရိတ်သတ်ကြီးက အစဉ်ထာဝရ ချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ ယမုံက “အပြုံးသစ် အတွေးသစ် အမြင်သစ်တွေနဲ့ 2021 ကိုစတင်ကြမယ်နော် …. ❤️
ချစ်ရတဲ့ ယမုံ့ရဲ့ မိုဂျီတိုတွေ ပရိသတ်တွေနဲ့အမြဲအတူရှိခွင့်ပေးပါ .. ဒီထက်ပိုကြိုးစားပါ့မယ် ?
2021 မှာ ယမုံ့ကို အချစ်တွေအများကြီးပေးမှာမလား ?”လို့ဆိုကာ ချစ်စရာကောင်းတဲ့ သူမရဲ့ နှစ်သစ်ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။

Source; Wint Yamone Naing

Leave a Reply

Your email address will not be published.