








Source; Paing Phyo Thu
(Unicode)
2021နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးရင်း ချစ်ခင်ပွန်း ဏကြီးနဲ့ ပုံလေးတွေ မျှဝေပေးလာတဲ့ သုသု
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ယခုလက်ရှိမှာ နာမည်ကျော်ကာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေပါတယ်။ သုသုဟာ နိုင်ငံကျော် ဒါရိုက်တာ ဏကြီးနဲ့ အိမ်ထောင်ကျကာ သာယာလှပတဲ့ အိမ်ထောင်ဘဝလေးကို ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရပါတယ်။
လတ်တလောမှာတော့ ရိုက်ကူးရေးတွေကို ရပ်နားထားကာ သူမရဲ့ ပရိတ်သတ်တွေကိုလည်း ပုံတွေ မတင်ပေးရတာ ကြာနေပီ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ သုသုရဲ့ အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့တဲ့ “မီ”ရုပ်ရှင်ဇတ်ကားကြီးကတော့ ယခုအချိန်ထိ နိုင်ငံတကာမှာ ပြသခွင့်တွေကို ရရှိနေတာ တွေ့ရပါတယ်။ သုသုဆိုတာနဲ့ “မီ”ကိုပဲ ပြေးမြင်ရတဲ့အထိကို အောင်မြင်ခဲ့တာပါနော်။
ခုတစ်ခါမှာတော့ သုသုက “အားလုံးပဲကျန်းမာပျော်ရွှင်ရတဲ့နှစ်သစ်ဖြစ်ပါစေ ❤️သုသုအတွက်တော့ ၂၀၂၀ကအကောင်းချည်းမဟုတ်ပဲအဆိုးတွေလည်းကြုံခဲ့ရပေမယ့် ချစ်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့နှစ်လေးဖြစ်ခဲ့တာမို့ ကံကောင်းတယ်လို့ပဲသုသုကယူဆလိုက်ပါတယ် ?သုသုချစ်ရတဲ့ပရိတ်သတ်ကြီးလည်း ကိုယ့်ကိုချစ်သလိုကိုယ်ကလည်းချစ်ရသောသူများအနားမှာနေခွင့်ရပြီး ချစ်ခြင်းများနဲ့ပြည့်နှက်နေသောနှစ်သစ်ကိုပိုင်ဆိုင်ကြပါစေလို့သုသုကဆုတောင်းပေးပါတယ်ရှင့် ???”လို့ဆိုကာ ချစ်ခင်ပွန်း ဏကြီးနဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။
Source; Paing Phyo Thu