“Happy New Year ?ခ်စ္ဆုံးတို႔ႏွစ္သစ္မွာ စီးပြါးေရးမွာအဆင္ေျပၾကပါေစ ?”လို႔ဆိုလာတဲ့ ဆုန္ဆုန္

ျမန္မာအိုင္ေဒါရဲ႕ Winnerတစ္ေယာက္ျဖစ္တဲ့ အက္စတာေဒါ့ခ်င္းဆုန္ကေတာ့ လတ္တေလာမွာ သူမရရွိပိုင္ဆိုင္ခဲ့တဲ့ Star City Condoမွာ သူမရဲ႕ မိသားစုနဲ႔အတူ ေအးခ်မ္းစြာ ေနေနၿပီပဲ ျဖစ္ပါတယ္။ Covidကာလအတြင္း အႏုပညာလႈပ္ရွားမႈေတြကို ခန ရပ္နားထားကာ မိသားစုကို အခ်ိန္ေပးရင္ ကုန္ဆုံးေနတာပဲ ျဖစ္ပါတယ္။ ဆုန္ဆုန္က မၾကာခနဆိုသလိုေတာ့ Liveလႊင့္ၿပီး သူမရဲ႕ ခ်စ္ပရိတ္သတ္ေတြကို သူမရဲ႕ေမာင္ေလးနဲ႔အတူ သီခ်င္းေတြ ဆိုျပေလ့ ရွိပါတယ္။

မၾကာေသးခင္ကမွ ထြက္ရွိထားခဲ့တဲ့ သူမရဲ႕ အယ္လ္ဘမ္အသစ္ျဖစ္တဲ့ “Unseen”ဆိုတဲ့ သီခ်င္းေလးဟာလည္း ပရိတ္သတ္ေတြရဲ႕ အထူးအားေပးမႈကို ရရွိခဲ့ကာ Top 10စာရင္းထဲဝင္ၿပီး နံပါတ္ ၄ ေနရာမွာ ရပ္တည္ေနတာကို ေတြ႕ရပါတယ္။ ခုရက္ထဲေတာ့ သူမက ေၾကာ္ျငာ႐ိုက္ကူးေရး အနည္းငယ္ကို ျပန္လည္လုပ္ေဆာင္ လာေနတာကိုလည္း ေတြ႕ရပါတယ္။

ခုတစ္ခါမွာေတာ့ အက္စတာက “Happy New Year ?ခ်စ္ဆုံးတို႔ႏွစ္သစ္မွာ စီးပြါးေရးမွာအဆင္ေျပၾကပါေစ ?”လို႔ ဆုေတာင္းေပးလာခဲ့ပါတယ္။ အက္စတာရဲ႕ ဆုေတာင္းေလးေၾကာင့္ ခ်စ္ပရိတ္သတ္ေတြ ႏွစ္သစ္မွာ လိုရာျပည့္စုံၾကပါေစေနာ္။ ခ်စ္စရာေကာင္းလွတဲ့ အက္စတာရဲ႕ ပုံရိပ္ေလးေတြကိုလည္း ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Esther Dawd Chin Sung

(Unicode)

“Happy New Year ?ချစ်ဆုံးတို့နှစ်သစ်မှာ စီးပွါးရေးမှာအဆင်ပြေကြပါစေ ?”လို့ဆိုလာတဲ့ ဆုန်ဆုန်

မြန်မာအိုင်ဒေါရဲ့ Winnerတစ်ယောက်ဖြစ်တဲ့ အက်စတာဒေါ့ချင်းဆုန်ကတော့ လတ်တလောမှာ သူမရရှိပိုင်ဆိုင်ခဲ့တဲ့ Star City Condoမှာ သူမရဲ့ မိသားစုနဲ့အတူ အေးချမ်းစွာ နေနေပြီပဲ ဖြစ်ပါတယ်။ Covidကာလအတွင်း အနုပညာလှုပ်ရှားမှုတွေကို ခန ရပ်နားထားကာ မိသားစုကို အချိန်ပေးရင် ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဆုန်ဆုန်က မကြာခနဆိုသလိုတော့ Liveလွှင့်ပြီး သူမရဲ့ ချစ်ပရိတ်သတ်တွေကို သူမရဲ့မောင်လေးနဲ့အတူ သီချင်းတွေ ဆိုပြလေ့ ရှိပါတယ်။

မကြာသေးခင်ကမှ ထွက်ရှိထားခဲ့တဲ့ သူမရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ “Unseen”ဆိုတဲ့ သီချင်းလေးဟာလည်း ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့ကာ Top 10စာရင်းထဲဝင်ပြီး နံပါတ် ၄ နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ခုရက်ထဲတော့ သူမက ကြော်ငြာရိုက်ကူးရေး အနည်းငယ်ကို ပြန်လည်လုပ်ဆောင် လာနေတာကိုလည်း တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ အက်စတာက “Happy New Year ?ချစ်ဆုံးတို့နှစ်သစ်မှာ စီးပွါးရေးမှာအဆင်ပြေကြပါစေ ?”လို့ ဆုတောင်းပေးလာခဲ့ပါတယ်။ အက်စတာရဲ့ ဆုတောင်းလေးကြောင့် ချစ်ပရိတ်သတ်တွေ နှစ်သစ်မှာ လိုရာပြည့်စုံကြပါစေနော်။ ချစ်စရာကောင်းလှတဲ့ အက်စတာရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Esther Dawd Chin Sung

Leave a Reply

Your email address will not be published.