



Source; Phway Phway

(Unicode)

“New Year မှာ ပိုပြီး ကံကောင်းပျော်ရွှင်ရမယ့် နှစ်သစ်လေးဖြစ်ပါစေ အကြည်ဓါတ်လေး ကိန်းအောင်းပြီး အေးချမ်းကြပါစေ ရှင်”လို့ဆိုလာတဲ့ ဖွေးစိန်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီဖွေးစိန်လေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်ကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ လွတ်လပ်ပေါ့ပါးစွာ နေတတ်ပြီး ပွင့်ပွင့်လင်းလင်း ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမ ကြိုက်နှစ်သက်တဲ့အရာ မှန်သမျှကိုလည်း မဖြစ်ဖြစ်အောင် လုပ်တတ်သူလည်း ဖြစ်ပါတယ်။

ခုလတ်တလောမှာတော့ ဖွေးစိန်လေးက သူမရဲ့ Stay At Home မှာ မုန့်‌တွေ လုပ်စားလိုက်၊ မုန့်တွေ မှာစားလိုက်၊ သူမစိုက်ပျိုးထားတဲ့ အပင်လေးတွေကို ဂရုစိုက်လိုက်နဲ့ပဲ အိမ်ထဲမှာ အချိန်ကုန်နေခဲ့တာ အပြင်ထွက်ပြီး သွားချင်လာချင်၊ လှချင်ပချင်တဲ့အကြောင်းလေးကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။

ခုတစ်ခါမှာတော့ ဖွေးစိန်လေးက “New Year မှာ ပိုပြီး ကံကောင်းပျော်ရွှင်ရမယ့် နှစ်သစ်လေးဖြစ်ပါစေ အကြည်ဓါတ်လေး ကိန်းအောင်းပြီး အေးချမ်းကြပါစေ ရှင်”လို့ဆိုကာ သူမမေမေကိုယ်တိုင် ပန်းချီဆွဲပေးထားတဲ့ အင်္ကျီလေးနဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ကဲ အကြည်ဓာတ်လေးတွေ ကိန်းအောင်းနေတဲ့ ဖွေးစိန်လေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Phway Phway

Leave a Reply

Your email address will not be published.