



Source; Wai La Ri

(Unicode)

“ငယ်ငယ်တုန်းက ခင်တယ် … အခု ချစ်ရတဲ့ သူငယ်ချင်း ချစ်သူလေး … ??”လို့ဆိုကာ ဒိုက်နဲ့ ပုံလေးတွေ မျှဝေပေးလာတဲ့ ဆောင်း

အဆိုတော် ‌လိမ္မော်သီးရဲ့ ညမအငယ်လေးဖြစ်တဲ့ ဝေလာရီကတော့ MRTV4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ‌”မော်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ စတင်ပြီး သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးရေးတွေအပြင် အမဖြစ်သူနဲ့အတူ သီချင်းတွေဆိုကာ အနုပညာလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတာကိုလည်း တွေ့ရပါတယ်။

အခုလတ်တလောမှာတော့ မင်းသမီးချော ဝေလာရီက တက်သစ်စမင်းသားချောလေး သာထက်ညဏ်ဇော်နဲ့ “မမှီဝဲနဲ့ ကင်းအောင်နေ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တွဲဖက်ရိုက်ကူးထားခဲ့ပါတယ်။ သူမတို့နှစ်ယောက်ဟာ “ဒိုက်နဲ့ဆောင်း”ဆိုကာ အတွဲညီညီ လိုက်ဖက်စွာ သရုပ်ဆောင်ထားလျှက် ရှိပါတယ်။ ထိုဇာတ်လမ်းတွဲလေးဟာ ယခုဆိုရင် ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကိုလည်း ရရှိထားတာ တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ဆောင်းက “ငယ်ငယ်တုန်းက ခင်တယ် … အခု ချစ်ရတဲ့ သူငယ်ချင်း ချစ်သူလေး … ??ပရိသတ်တွေ အရမ်းတွေ့ချင်တဲ့ ပုံလေးတွေ … ကြော်ငြာလေးတစ်ခုလည်း တူတူ ရိုက်ထားပါတယ် … ထွက်ရင် အားပေးပါနော် … ? “လို့ဆိုကာ ကြည်နူးစရာကောင်းလောက်အောင် လိုက်ဖက်လွန်းလှတဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။

Source; Wai La Ri

Leave a Reply

Your email address will not be published.