







Source; Candy May
(Unicode)
“Miss Universe Myanmar 2020″ကို ထိုက်ထိုက်တန်တန် ရရှိသွားတဲ့ မေ့ရဲ့ ညီမအရင်းလေး သူဇာဝင့်လွင်ရဲ့ ပုံရိပ်များ
ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ မင်းသမီးတစ်လက်ဖြစ်တဲ့ မေကတော့ အောင်မြင်တဲ့ အဆိုတော် သရုပ်ဆောင် မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ သူမဟာ အဆိုတော် ဘရိတ်ကီနဲ့ တွဲဖက်ပြီး “အားကိုးမယ်နော်” ဆိုတဲ့ သင်္ကြန်သီချင်းလေးမှာ စတင် ပါဝင်ကာ အနုပညာအလုပ်တွေကို လုပ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ မေက အသည်းကွဲအဆွေး သီချင်းလေးတွေကို ဖန်တီသီဆိုကာ သူမရဲ့ ချိုချိုမြမြအသံအေးအေးလေးနဲ့လည်း အရမ်းကို လိုက်ဖက်လွန်းလှပါတယ်။ မေဟာ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးလျှက် ရှိနေပြီး ကြော်ငြာရိုက်ကူးရေးတွေကိုလည်း လက်ခံရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမြဲလိုလို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ စွဲမက်စရာကောင်းတဲ့ ညို့အားပြင်းတဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလျှက် ရှိပါတယ်။
ဒီနေ့ညမှာတော့ Miss Universeပွဲကြီးကို Liveလွှင့်ကာ ပြသလျှက် ရှိလာခဲ့ပါတယ်။ ထိုMissပြပွဲကြီးဟာဆိုရင် ရင်ခုန်စွာနဲ့ပဲ စောင့်မျှော်လာခဲ့ရင်း နောက်ဆုံးမှာတော့ နိုင်ငံကျော် အဆိုတော် မေရဲ့ ညီမအရင်းလေးဖြစ်တဲ့ ဟားခါးမြို့ရဲ့ ပြိုင်ပွဲဝင် သူဇာဝင့်လွင်မှ “Miss Universe Myanmar 2020″ကို ထိုက်ထိုက်တန်တန်နဲ့ ရရှိသွားခဲ့တာကို တွေ့ရပါတယ်။ အဆိုတော် မေက “မေ့ ညီမလေး Miss Universe Myanmar 2020 ရသွားပါတယ် Congratulations ငါ့ညီမလေးရေ Thuzar Wint Lwin ??❣️❣️❣️??”လို့ဆိုကာ ဂုဏ်ပြုခဲ့တာကို တွေ့ရပါတယ်။ Congratulationsပါ သူဇာလေးရေ။
Source; Candy May