






Source; Shwe Thamee
(Unicode)
ကားပျက်အမှတ်တရ selfieလေး ဆွဲခဲ့ကြတဲ့ မင်းသားချော ကျော်ထက်ဇော်နဲ့ မင်းသမီးချောလေး ရွှေသမီးတို့ရဲ့ ပုံရိပ်များ
MRTV 4ရဲ့ နာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ မင်းသားချော ကျော်ထက်ဇော်ကတော့ မိန်းကလေးပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အောင်မြင်တဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကုလားစင်မျက်နှာပေါက်လေးနဲ့ စမတ်ကျတဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ရရှိပိုင်ဆိုင်ထားတာပါ။
ကုလားစင်မျက်နှာပေါက်လေးနဲ့ မျက်လုံး မျက်ခုံးလေးတွေ အရမ်းလှတဲ့ မင်းသမီးချောလေး ရွှေသမီးကတော့ ပရိတ်သတ်တွေ အထူးချစ်ခင် အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ရွှေရွှေလေးလို့ ခေါ်ကြပါတယ်။ လက်ရှိမှာတော့ ရွှေရွှေလေးက ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လက်ခံရိုက်ကူးလျှက် ရှိနေပါတယ်။
ခုတစ်ခါမှာတော့ ရွှေရွှေက “အစ်ကိုကြီး နေအလင်းရောင်နဲ့ အရမ်းချော အရမ်းလှတဲ့ပုံတွေဘဲရွေးပြီးတင်ပေးထားတာမို့ ဒီနေ့ဘဲရိုက်ပေးထားတဲ့ပုံတွေ ပို့ပေးလိုက်ပါတော့ နှစ်လဲကုန်တော့မယ်?ပုံပို့ပေးတဲ့အချိန်ကစပြီး ကြီးပွါးတိုးတက်အောင်မြင် ဒီထက်အသားတွေအရမ်းဖြူ အမြဲနုပျိုအောင်မြင်နိုင်ပါစေကွယ်? သတိ-(ပုံပို့ပေးမှ ဒီဆုတောင်းတွေရမှာပါနော်) သူတစ်ယောက်မြင်ပါစေ?
(ကားပျက်အမှတ်တရ selfie)”လို့ဆိုကာ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
Source; Shwe Thamee