










Source; Nay Toe Page
(Unicode)
အဆိုတော် ကော်နီရဲ့ အသစ်ထွက်ရှိတဲ့ “ရေစက်” MTVလေးရဲ့ နောက်ကွယ်က မင်းသားချော နေတိုးနဲ့ မင်းသမီးချော ရွှေကစ်တို့ရဲ့ ပုံရိပ်လေးများ
အခုလတ်တလောမှာတော့ အသံပါဝါ အရမ်းကို ကောင်းလှတဲ့ နိုင်ငံကျော် အဆိုတော်ကြီး အန်တီကော်နီရဲ့ “ရေစက်” Mtv လေးဟာ ထွက်ရှိလို့ လာခဲ့တာကို တွေ့ရပါတယ်။ ဆွေးဆွေးမြေ့မြေ့ သီချင်းတွေကို ဟန်ပန်အမူအရာ အပြည့်နဲ့ ပရိတ်သတ်ရင်ထဲကို ရောက်အောင် သီဆိုပေးနိုင်တဲ့ အန်တီကော်နီရဲ့ သီချင်းလေးတွေဟာဆိုရင် ဟိုးအရင်ကတည်းက နာမည်ရလာခဲ့တာ အခုထက်ထိအောင် ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ တည်ရှိနေတာကို တွေ့ရပါတယ်။
အခု အသစ်ထွက်ရှိတဲ့ ရေစက် သီချင်းလေးမှာတော့ တကယ့် ဒိတ်ဒိတ်ကြဲ နိုင်ငံကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ အကယ်ဒမီ နေတိုးနြဲ အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားလျှက် ရှိပါတယ်။ ပရိတ်သတ်အချစ်တော် နေတိုးကတော့ သရုပ်ဆောင်၊အဆို၊အက အပြင် ဟာသညဏ်လေးပါ ကွန့်မြူးတဲ့ အနုပညာ ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေကစ်လေးကတော့ နိုင်ငံခြားထိအောင် သူမရဲ့ ဇာတ်ကားတွေဟာ ပေါက်ကြားခဲ့ပြီး Awardဆုပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ကဲ ချစ်ရတဲ့ ပရိတ်သတ်ကြီးရေ တီကော်နီရဲ့ ရေစက်သီချင်းလေးထဲက လိုက်ဖက်စွာ သရုပ်ဆောင်ထားကြတဲ့ နေတိုးနဲ့ရွှေကစ်လေးတို့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Music video locationလေးကတော့ အရမ်းကိုလှတဲ့ သာကေတရှုခင်းသာမြို့ပတ်လမ်းပေါ်မှာရှိတဲ့ Emerald Bay ပန်းခြံလေးထဲမှာပဲ ဖြစ်ပါတယ်။ သဘောကျနှစ်သက်တယ်ဆိုရင် Like and Shareလေး လုပ်ပေးသွားကြပါအုံးနော်။
Source; Nay Toe Page