






Source; Myat Noe Aye
(Unicode)
“ပါတိတ် ဝမ်းဆက်နဲ့ မမ ?”လို့ဆိုကာ မြန်မာဆန်တဲ့ ပါတိတ်လေးနဲ့ ရိုးရိုးအေးအေးလေး လှနေတဲ့ ပုံလေးတွေ မျှဝေပေးလာတဲ့ မြတ်နိုးအေး
ခုလတ်တလောမှာ ပရိတ်သတ်တွေကြား ရေပန်းစား အောင်မြင်နေတဲ့ ဇာတ်လမ်းတွဲလေးကတော့ ” Mntv”ကနေ ထုတ်လွှင့်ပြသလျှက်ရှိနေတဲ့ “ရင်ခုန်သံ ၇၄ရက်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ ‘မိုးနတ်’အဖြစ် မင်းသားချော ခါရာနဲ့ ‘ကညာ’အဖြစ် မင်းသမီးချော မြတ်နိုးအေး တို့က ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားကြတာကို တွေ့ရပါတယ်။
မင်းသမီးချော မြတ်နိုးအေးက မင်းသမီးချော ဖွေးဖွေးနဲ့ တွဲဖက်ပြီး “သူစိမ်းအိမ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာမှ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မြတ်နိုးအေးက အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ Tiktok Videoလေးကို ရိုက်ကူးရင်းနဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို ရယူထားနိုင်တာပဲ ဖြစ်ပါတယ်။
ခုတစ်ခါမှာတော့ မြတ်နိုးအေးက “ပါတိတ် ဝမ်းဆက်နဲ့ မမ ?”လို့ဆိုကာ မြန်မာဆန်တဲ့ ပါတိတ်လေးနဲ့ ရိုးရိုးအေးအေးလေး လှနေတဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ပါတိတ်လေးနဲ့ လှနေတဲ့ မမမြတ်နိုးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Myat Noe Aye