





Source; Su Linn Shein
(Unicode)
“ချစ်သူလေး နင်ပြုံးလိုက်တိုင်းမှာငေး?”လို့ဆိုကာ ခရမ်းရောင်မြန်မာဝမ်းစက်လေးနဲ့ အလှကြီးလှနေတဲ့ စုလင်းရှိန်
အရုပ်မလေးမျက်နှာနဲ့ မျက်နှာပေါ်က ထင်ရှားနေတဲ့ မှဲ့လေးကြောင့် ပရိတ်သတ်တွေ သတိထားမိလာကြတဲ့ သူလေးကတော့ မင်းသမီးချောလေး စုလင်းရှိန်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ဆွိလေးလို့ ခေါ်ကြပါတယ်။ ဆွိလေးဟာဆိုရင် Music videoတွေမှာ စတင်ပြီး သရုပ်ဆောင်လာရာကနေ အောင်မြင်တဲ့ အနုပညာလမ်းအပေါ် ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
ဆွိလေးက ကြော်ငြာရိုက်ကူးရေးတွေအပြင် MRTV 4ရဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ မင်းသားချော ကျော်စု(ဗညား)ရဲ့ ညမလေးအဖြစ်နဲ့လည်း အခန်းနံပါတ်?ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။ ခုလတ်တလောမှာတော့ သူမက ပရိတ်သတ်တွေကို Tiktokတွေဆော့ပြီး မပျင်းရအောင် ဖျော်ဖြေနေတာကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ ဆွိလေးက “ချစ်သူလေး နင်ပြုံးလိုက်တိုင်းမှာငေး?”လို့ဆိုကာ ခရမ်းရောင်မြန်မာဝမ်းစက်လေးနဲ့ အလှကြီးလှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ငေးရလောက်တဲ့ထိအောင် လှရက်လွန်းတဲ့ ဆွိလေးရဲ့ အပြုံးပုံရိပ်တစ်ချို့က်ု ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Su Linn Shein