




(Unicode)

အဖြူရောင်သတို့သမီး ပုံရိပ်လေးတွေနဲ့ သူမကိုယ်သူမ ခရစ်စမတ်လက်ဆောင်အဖြစ် ပေးလာခဲ့တဲ့ စံရတီမိုးမြင့်

မျက်နှာဖူးဖူး၊နှုတ်ခမ်းဖူးဖူးလေးကို ပိုင်ဆိုင်ထားပြီး မျက်ဝန်းလဲ့လဲ့၊ မျက်တောင်ကော့ကော့လေးနဲ့ အရုပ်မလေးလို လှနေတဲ့ စံရတီမိုးမြင့်ကတော့ ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ သဲသဲပဲ ဖြစ်ပါတယ်။ သဲသဲက Puppyလေးတွေကို အရမ်းချစ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သဲသဲဟာ အနုပညာလောကထဲကို စဝင်လာတုန်းကဆိုရင် ခန္ဒာကိုယ် ဖူးဖူးပြည့်ပြည့်လေးနဲ့ စွဲမက်စရာ ကောင်းလောက်အောင်ကို လှပါတယ်။ ခုနောက်ပိုင်းမှာတော့ Gymတွေဆော့ကာ Skin Careတွေလုပ်ရင်း ခန္ဒာကိုယ်နဲ့ အသားအရည်ကို ထိန်းသိမ်းလှကာ ပိုပြီးတော့ လှလာတာကို တွေ့ရပါတယ်။ အစားအသောက်စားရင်လည်း စည်းကမ်းရှိစွာ စားသောက်ပြီး ပရိတ်သတ်တွေကို အမြဲလိုလို စိတ်ခွန်အားတွေ ပေးတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ သဲသဲက “Merry Christmas to you all ?☃️❄️ဒီနှစ်တော့ ကိုယ့်ကိုပဲ လက်ဆောင်အဖြစ်ယူပါ ❄️?”လို့ဆိုကာ အဖြူရောင်သတို့သမီး ပုံရိပ်လေးတွေနဲ့ သူမကိုယ်သူမ ခရစ်စမတ်လက်ဆောင်အဖြစ် ပေးလာခဲ့ပါတယ်။ အရမ်းကို လှနေတဲ့ အဖြူရောင်သတို့သမီးလေး သဲသဲရဲ့ မြတ်နိုးဖွယ် ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; San Yati Moe Myint

Leave a Reply

Your email address will not be published.