







(Unicode)
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ နဝဒေး အိမ်ယာ အနီးရှိ ပီမိုးနင်းလမ်းမှာ Smile Mart ပထမဆုံး ဆိုင်ကို ဖွင့်လှစ်ခဲ့တဲ့ စမိုင်း
အမြဲလိုလို အလှူအတန်းတွေလုပ်ကာ ပရိတ်သတ်တွေကို ချစ်ပေးတဲ့ မင်းသမီးကတော့ တစ်ခေတ်တစ်ခါကတည်းက နာမည်ကျော် လူသိများခဲ့ရတဲ့ စမိုင်းလ်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်ဟာဆိုရင် လက်ရှိမှာ ခင်ပွန်းကောင်းတစ်ယောက်ကို ရထားကာ ချစ်စရာကောင်းပြီး လိမ္မာယဉ်ကျေးတဲ့ သမီးချောလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
အခြေခံလူတန်းစား ဘဝကနေ ခင်ပွန်းဖြစ်သူနဲ့အတူ ကြိုစားရုန်းကန်ပြီး ရှာဖွေဆုဆောင်းခဲ့ကာ ယခုဆိုရင် တစ်သက်စားမကုန်တဲ့ စည်းစိမ်တွေနဲ့ ချမ်းသာကြွယ်ဝနေတာကို မြင်ရပါတယ်။ သူမရဲ့ ကြွယ်ဝချမ်းသာမှုတွေဟာဆိုရင် ပြည်သူတွေအပေါ်ကိုလည်း အကျိုးပြုစေခဲ့ပါတယ်။ အလှူအတန်းတွေကို အစဉ်မပြတ် ရက်ရောစွာ အမြဲလိုလို လုပ်ဆောင်လျှက်ရှိနေပါတယ်။ သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက်လည်း သူမရဲ့မွေးနေ့ပွဲတိုင်းလိုလိုမှာ အကြီးအကျယ် ပွဲတွေကို လုပ်ပေးပြီး ကံစမ်းမဲတွေ၊ ဆုကြေးငွေတွေ အမြဲလိုလို မဲဖောက်ပေးလေ့ ရှိပါတယ်။
ခုတစ်ခါမှာတော့ သရုပ်ဆောင် စမိုင်းလ် တို့ ဇနီးမောင်နှံက ဒီကနေ့၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ရန်ကုန်၊ လှိုင်သာယာ မြို့နယ်၊ နဝဒေး အိမ်ယာ အနီးရှိ ပီမိုးနင်းလမ်းမှာ Smile Mart ပထမဆုံး ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ အများပြည်သူတွေအတွက်ဆို အမြဲလိုလို အဖက်ဖက်ကနေ စဉ်းစားပေးတတ်တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ Smile Mart လေး ထာဝရအောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။
Source; Myanmar Celebrity