




(Unicode)

ခရစ်စမတ်နေ့လေးမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စာလေးတွေရေးကာ ဝရိုခဲ့ကြတဲ့ ရွှေနှစ်ရွှေစုံတွဲ

ပရိတ်သတ်တွေရဲ့ အချစ်တော် စုံတွဲလေးဖြစ်တဲ့ ရွှေနှစ်ရွှေ စုံတွဲကတော့ စကြိုက်ပြီး လက်ထပ်တဲ့အထိကို တစ်နေ့တစ်မျိုး မရိုးရတဲ့ စာလေးတွေ ပုံလေးတွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားထားလေ့ ရှိပါတယ်။ ယခု ၂၀၂၀ရဲ့ ခရစ်စမတ်နေ့လေးမှာလည်း တစ်ယောက်နဲ့တစ်ယောက် စာလေးတွေ အပြန်အလှန်ရေးကာ နှစ်သစ်ကို စတင်တော့မယ့်အကြောင်းလေးကို ရေးသားမျှဝေထားကြတာကို တွေ့ရပါတယ်။

အဆိုတော် ရွှေထူးက “ဘာလိုလိုနဲ့ ဒီနေ့ Christmas ပြီးတာနဲ့ နောက်နှစ်ကူးတော့မယ် … ကုန်ခဲ့တဲ့ အချိန် တနှစ်လုံး ပါပါးဘေးမှာ အမြဲ ဂရုစိုက်ပီး လိုအပ်တာတွေ ဖြည့်ဆည်းပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ … ဒီနှစ်ကတော့ COVID လဲ ဖြစ်နေတော့ အိမ်မှာပဲ ချစ်ရတဲ့ ဇနီးနဲ့ Coke လေးသောက်ပြီးအတူတူ ညစာလေးစားရင်း ဖြတ်သန်းဖြစ်တယ် … ပရိသတ်ကြီးကော ဘယ်လို activity တွေ လုပ်ဖြစ်လဲဗျာ … 🤩🤩🤩ကျွန်တော်တို့လို ချစ်ရခင်ရသူတွေနဲ့ တူတူ အိမ်မှာ ညစာစားရင်း Coke သောက်ရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ့် သူတွေရော ရှိကြလား ဗျာ … ❤️❤️❤️”လို့ဆိုကာ ချစ်ရတဲ့ မိန်းမိန်းကို ရည်ညွှန်းကာ မျှဝေလာပါတယ်

ရွှေမင်းသမီးလေး ရွှေမှုန်ကတော့ “New year တောင်ရောက်တော့မယ်နော်… တစ်နှစ်တစ်နှစ် အချိန်တွေကုန်တာလဲမြန်လိုက်တာ ..🥰🥰🥰
ပါပါးရယ်.. မိန်မိန်းနားမှာ အခုလို အလိုလိုက်ပီး ချစ်ပေးတဲ့အတွက် ကျေးဇူးအထူးပါ ..❤️❤️🙏🏻🙏🏻🙏🏻ပါးနဲ့ ဒီနှစ်တော့ အိမ်မှာပဲ Coke လေးသောက်ပြီး ညစာလေးစားရင်း ပျော်ပျော်ရွင်ရွင် Christmas နေ့လေးဖြတ်သန်းဖြစ်တယ်..❤️❤️❤️❤️သဲ ပရိတ်သတ်ကြီးလဲ နှစ်သစ်မှာ သဲတို့လိုပဲ ချစ်ရတဲ့ သူနဲ့ တူတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ..❤️❤️❤️”လို့ ဆိုကာ ကြည်ကြည်နူးနူး မျှဝေလာခဲ့ပါတယ်။

Source; Shwe Htoo, Shwe Hmone

Leave a Reply

Your email address will not be published.