“ေရဝတီေလးနဲ႔ merry xmas ဘာညာမွာRo 😁😁”လို႔ ဆိုကာ ၾကည္ႏူးစရာ ခရစ္စမတ္ေန႔ေလးကို ျဖတ္သန္းခဲ့တဲ့ ႐ိုးစစ္

MRTV 4ရဲ႕ နာမည္ႀကီး ေအာင္ျမင္ခဲ့တဲ့ “ထာဝရမႏၲေလး”ဆိုတဲ့ ဇာတ္လမ္းတြဲကေန စတင္ၿပီး ပရိတ္သတ္ေတြ သတိထားမိလာခဲ့တဲ့ မင္းသားေခ်ာေလးကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ မင္းသားေခ်ာ ေအာင္မင္းခန႔္ပဲ ျဖစ္ပါတယ္။ သူဟာ ဇာတ္လမ္းတြဲမင္းသားလို႔ တင္စားေခၚေဝၚရေလာက္ေအာင္ သူ႔ရဲ႕ ဇာတ္လမ္းတြဲမ်ားစြာဟာ ေအာင္ျမင္ေက်ာ္ၾကား လူသိမ်ားခဲ့ပါတယ္။

MRTV 4ရဲ႕ မင္းသမီးေခ်ာေလးတစ္ေယာက္ျဖစ္တဲ့ နန္းစႏၵာလွထြန္းကေတာ့ “ပၪၥလက္႐ြာ”ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ ေရဝတီဆိုတဲ့ ကာ႐ိုက္တာေလးကေန ပရိတ္သတ္အခိုင္အမာ ရရွိခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အညာေဒသရဲ႕ ဆံရစ္ဝိုင္းဆံပင္ေကေလးနဲ႔ ထူးျခားစြာ သ႐ုပ္ေဆာင္ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

ခုတစ္ခါမွာေတာ့ ႐ိုးစစ္က “Merry Christmas to u all 🎄🎄🎄🎄ေရဝတီေလးနဲ႔ merry xmas ဘာညာမွာRo 😁😁😁”လို႔ဆိုကာ ၾကည္ႏူးစရာ ခရစ္စမတ္‌ေန႔ေလးကို ျဖတ္သန္းခဲ့ၾကပါတယ္။ လိုက္ဖက္လြန္းလွတဲ့ ေရဝတီနဲ႔႐ိုးစစ္တို႔ရဲ႕ ၾကည္ႏူးစရာ ခရစ္စမတ္ပုံရိပ္ေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Aung Min Khant

(Unicode)

“ရေဝတီလေးနဲ့ merry xmas ဘာညာမှာRo 😁😁”လို့ ဆိုကာ ကြည်နူးစရာ ခရစ်စမတ်နေ့လေးကို ဖြတ်သန်းခဲ့တဲ့ ရိုးစစ်

MRTV 4ရဲ့ နာမည်ကြီး အောင်မြင်ခဲ့တဲ့ “ထာဝရမန္တလေး”ဆိုတဲ့ ဇာတ်လမ်းတွဲကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့တဲ့ မင်းသားချောလေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော အောင်မင်းခန့်ပဲ ဖြစ်ပါတယ်။ သူဟာ ဇာတ်လမ်းတွဲမင်းသားလို့ တင်စားခေါ်ဝေါ်ရလောက်အောင် သူ့ရဲ့ ဇာတ်လမ်းတွဲများစွာဟာ အောင်မြင်ကျော်ကြား လူသိများခဲ့ပါတယ်။

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းကတော့ “ပဉ္စလက်ရွာ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ရေဝတီဆိုတဲ့ ကာရိုက်တာလေးကနေ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အညာဒေသရဲ့ ဆံရစ်ဝိုင်းဆံပင်ကေလေးနဲ့ ထူးခြားစွာ သရုပ်ဆောင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ ရိုးစစ်က “Merry Christmas to u all 🎄🎄🎄🎄ရေဝတီလေးနဲ့ merry xmas ဘာညာမှာRo 😁😁😁”လို့ဆိုကာ ကြည်နူးစရာ ခရစ်စမတ်‌နေ့လေးကို ဖြတ်သန်းခဲ့ကြပါတယ်။ လိုက်ဖက်လွန်းလှတဲ့ ရေဝတီနဲ့ရိုးစစ်တို့ရဲ့ ကြည်နူးစရာ ခရစ်စမတ်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Aung Min Khant

Leave a Reply

Your email address will not be published.