








Source! 7th Sense
(Unicode)
Double Dating အစီအစဉ်လေးကြောင့် ပရိတ်သတ်တွေ ပိုမို သတိထားမိလာကြတဲ့ အောင်မင်းခန့်၊ယွန်းယွန်းနဲ့ စည်သူဝင်း၊သဇင်ထူးမြင့်တို့ စုံတွဲနှစ်တွဲ
ခုလတ်တလောမှာ ပရိတ်သတ်တွေ သဘောတူကြည်ဖြူကာ အာပေးမှု မြင့်တက်နေတဲ့ Double Datingအစီအစဉ်လေးအကြောင်းကို ပြောပြပေးချင်ပါတယ် ပရိတ်သတ်ကြီးရေ။ ဒီအစီအစဉ်လေးမှာတော့ MRTV 4 မင်းသားချောနှစ်ယောက်ဖြစ်တဲ့ အောင်မင်းခန့် နဲ့ စည်သူဝင်း၊ ပုရိသယောက်ကျားလေးတွေ သဲသဲလှုပ် အားပေးခြင်းကို ခံနေရတဲ့ မင်းသမီးချောလေး ယွန်းစိန်နဲ့ သဲတုံလေးတို့ပဲ ဖြစ်ပါတယ်။
Double Datingအစီအစဉ်လေးကို 7th Sense Channelလေးကနေ စီစဉ်ဆောင်ရွက်ခဲ့တာပါ။ ဒီမှာတော့ သိန်းလင်းစိုးက ဒိုင်လူကြီးအနေနဲ့ ပါဝင်ထားပြီး အောင်မင်းခန့်နဲ့ယွန်းစိန်က တစ်တွဲ၊ စည်သူဝင်းနဲ့သဲတုံက တစ်တွဲဆိုကာ အတွဲလိုက်လေးတွေ တွဲပေးထားပြီး ဘယ်အတွဲက ပိုပြီး ချစ်ပြ Roပြနိုင်မလဲဆိုတာကို ရိုက်ကူးရေးလေးလုပ်ကာ ပရိတ်သတ်တွေကို ဆွဲဆောင်ထားပါတယ်။
ဒါဆိုရင် လိုက်ဖက်လွန်းလှတဲ့ မင်းသား၊မင်းသမီးတို့ရဲ့ အတွဲလိုကမယှဉ်ပြိုင်မှုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ ကဲ Double Datingအစီအစဉ်လေးကို ကြည့်ကြ အားပေးကြတဲ့ ပရိတ်သတ်ကြီးရေ ဘယ်အတွဲကို ပိုပြီး သဘောကျကြလဲဆိုတာကို မန့်ခဲ့ကြပါအုံးနော်။
Source! 7th Sense