



Source; Wai La Ri

(Unicode)

စန်းသော်တာ ” စိန်ရွှေရတနာဆိုင်” Live တုန်းက ပုံလေးတွေကို မျှဝေပေးလာတဲ့ ဝေလာရီ

အဆိုတော် ‌လိမ္မော်သီးရဲ့ ညမအငယ်လေးဖြစ်တဲ့ ဝေလာရီကတော့ MRTV4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ‌”မော်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ စတင်ပြီး သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးရေးတွေအပြင် အမဖြစ်သူနဲ့အတူ သီချင်းတွေဆိုကာ အနုပညာလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတာကိုလည်း တွေ့ရပါတယ်။

အခုလတ်တလောမှာတော့ မင်းသမီးချော ဝေလာရီက တက်သစ်စမင်းသားချောလေး သာထက်ညဏ်ဇော်နဲ့ “မမှီဝဲနဲ့ ကင်းအောင်နေ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တွဲဖက်ရိုက်ကူးထားခဲ့ပါတယ်။ သူမတို့နှစ်ယောက်ဟာ “ဒိုက်နဲ့ဆောင်း”ဆိုကာ အတွဲညီညီ လိုက်ဖက်စွာ သရုပ်ဆောင်ထားလျှက် ရှိပါတယ်။ ထိုဇာတ်လမ်းတွဲလေးဟာ ယခုဆိုရင် ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကိုလည်း ရရှိထားတာ တွေ့ရပါတယ်။

အခုတစ်ခါမှာတော့ ဆောင်းလေးက “မနေ့က စန်းသော်တာ – စိန်ရွှေရတနာဆိုင် Live တုန်းက ပုံလေးတွေ … 🥰🥰💎💎ရောင်းရချက်ကြီးကလည်း အားရစရာကြီး … 🥰💎အများကြီး ရောင်းရလို့ ဆိုင်ရှင် တီတီသော်က ဝေလာ့ကို အနုပညာကြေးတွေ အပြင် ဝယ်ယူတဲ့ customers တွေကို မဲဖောက်ပေးတဲ့ Samsung ဖုန်းတလုံးပါ လက်ဆောင်ပေးလိုက်ပါသေးတယ် … ကျေးဇူးပါ စန်းသော်တာ စိန်ရွှေရတနာ ဒီ့ထက်မက အောင်မြင်ပါစေ … ဝယ်ယူ အားပေးကြတဲ့ ချစ်ပရိသတ်များ ထာဝစဉ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ … 🥰🥰💎💎ဝေလာ အရင်တစ်ခေါက်က Live လွှင့်ပေးခဲ့တဲ့ ရွှေစည် ရတနာမှ တီတီပွင့်ကလည်း Christmas အကြိုလက်ဆောင်လေးကို လာပေးသွားတဲ့အတွက် ကျေးဇူးအထူးပါ တီတီပွင့် ရေ … 🥰💎 ပျော်စရာကောင်းသော နေ့ရက်လေးတစ်ရက်ပါပဲ … 🥰🎄”လို့ ဆိုကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Wai La Ri

Leave a Reply

Your email address will not be published.