








Source; Moe Yu San
(Unicode)
သရုပ်ဆောင်သာမက ပန်းချီပညာမှာလည်း အရမ်းတော်တဲ့ မင်းသမီးချော မိုးယုစံ ကိုယ်တိုင်ရေးဆွဲ ထားတဲ့ ပန်းချီကားများ
ပရိတ်သတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ လက်ရှိမှာ နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရပါပြီလို့ သိရပါတယ်။ မင်းသမီးချော မိုးယုစံက “မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဌေ ထီဆိုင်ကြီး”ရဲ့ Missတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။
သူမရဲ့ အိမ်ထောင်ရေးဟာဆိုရင် ပရိတ်သတ်တွေ အားကျစရာကောင်းလောက်အောင် သူမအပေါ် အရမ်းချစ်ပေးတဲ့ ယောက်ကျားချောချောလေးနဲ့အတူ သားချောလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ခုတစ်ခါမှာတော့ သူမဟာ နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်ကာ နောက်ထပ်သားလေးတစ်ယောက်လို့လည်း သိရပါတယ်။ သားနှစ်ယောက်နဲ့ မိခင် ဖြစ်တော့မှာမလို့ သူမရဲ့မိသားစုနဲ့အတူ သားလေးကိုကြိုဆိုတဲ့ ပွဲလေးကို လုပ်ဖြစ်ခဲ့ပါတယ်။
မင်းသမီးချောလေး မိုးယုစံဟာဆိုရင် သရုပ်ဆောင်သာမက ပန်းချီပညာမှာလည်း အရမ်းတော်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ မင်းသမီးချော မိုးယုစံ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားများကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးချင်ပါတယ်။ ပရိတ်သတ်တွေ သဘောကျနှစ်သက်ကြမယ်လို့လည်း ထင်ပါတယ်နော်။
Source; Moe Yu San