ဖခင်ဖြစ်သူကို ပစ်ထားတယ်ဆိုကာ မင်းသားချော မြင့်မြတ်အပေါ် အမြင်စောင်းနေတဲ့ သူတစ်ချို့အတွက် ပြန်လည်ဖြေရှင်းပြောပြပေးခဲ့တဲ့ အဆိုတော် ယုန်လေး

အခုလတ်တလောမှာ ဖေ့စဘွတ် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ နာမည်ကြီး ဂယက်ထနေတဲ့ သတင်းကတော့ သရုပ်ဆောင် မင်းသားချော မြင့်မြတ်က သူ့ရဲ့ ဖခင်ဖြစ်သူအပေါ် ပစ်ထားတယ်၊ မိဘတွေက ဖုန်းဆက်လာရင်တောင် မကိုင်တော့ဘူး ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မိဘတွေအပေါ် ပစ်ထားတဲ့ သားဆိုးတစ်ယောက်ဆိုပြီး အားလုံးက အမြင်တွေ စောင်းနေကြတာကို တွေ့ရပါတယ်။

ထိုသို့ အမြင်စောင်းမှု အပေါ်ကို မြင့်မြတ်ရဲ့ သူငယ်ချင်းအရင်းကြီး ဖြစ်တဲ့ အဆိုတော် ယုန်လေးက ကြားရတဲ့ သတင်းအမှားတွေကြောင့် စိတ်မကောင်းဖြစ်ကာ ပြန်လည်ဖြေရှင်း ပြောပြလာခဲ့ပါတယ်။။ အဆိုတော် ယုန်လေးက “ဘယ်သူ ဘာဖြစ်ဖြစ် သူကူညီတယ် .စက်အဖွဲ့ က အရမ်းရင်းတဲ့ လူတွေရောမရင်းတဲ့ လူတွေ ရော ဆေးရုံတက်တာတို့ .
တစ်ခုခု အဆင်မပြေဖြစ်တာတို့ သူကူတယ် .
လူတိုင်း ကို အမြင်မတော်ရင် ကူညီနေတဲ့
မြင့်မြတ် သူအဖေ အမေ အရင်းကို ဘာမှ မလုပ်ပေးဖူးကျေးဇူး မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား.
သေချာစဉ်းစား စေချင်ပါတယ် .
ဝေဖန်တာ မစောစေချင်ပါဘူး .
တစ်လောက လုံးလည်း သူ့စိတ်ထား သူ့စိတ်ဓာတ်သိပါတယ် . ချက်ချင်း ဘယ်သူ့မှ ဝင်မပြောကျတာ . မိသားစု ရေးဖြစ်နေလို့ပါ .

ကျွန်တော် တိတိကျကျ သိတာ .
ကျွန်တော်နဲ့ တွဲပြီးကူတာတွေ အများကြီးရှိပါတယ် .မပြောတော့ဘူး . အနီးစပ်ဆုံး Covid First waveက ပြောမယ်ဆို PPE အစုံ1040 သိန်း ၁၆၅ သိန်း ကျော်ဖိုးလှူတယ် .ဆေးရုံးဝန်ထမ်းတွေ အတွက် ၁၀သိန်း ကျွန်တော့်အလှူမှာ ထပ်မတည်တယ် . မရမ်းကုန်းမြို့နယ်မြောက်ဒဂုံမြို့နယ် ဆန် ဆီ ဆား လိုအပ်တာ လှူတယ်.
ရုပ်ရှင်လောက သားများ အဆင်မပြောဘူးဆိုလည်း သူကူပါတယ် .မြင့်မြတ်က Fb မသုံးဘူး .
ပြီးတော့ သူ့အဖေကို ဘယ်အိမ်ဝယ်ပေးလိုက်တယ် .အမေကို ဘယ်ကွန်ဒို ဝယ်ပေးလိုက်တယ် .
ညီမလေးတွေကို ဘာ ဆိုင်ဖွင့်ပေးလိုက်တယ် .
သူလူသိအောင် မပြောပြခဲ့ဖူးလေ .အဲ့လိုပြောလို့ အဖေ အမေကို အိမ်ဝယ်ပေးပြီး
Fb ပေါ်ပီတိ အဖြစ်နဲ့ တင်တဲ့ သူများကိုလည်း
ဆော်ကားချင်း မဟုတ်ပါ .
ကျွန်တော်တို့ ကိုယ်တိုင်ကြည့်ပြီး အဲ့လိုPost တိုင်းကို ကြည်နူးမိပါတယ် . Excel မှာ အခန်းဝယ်ပေးတယ် .ရွှေဂုံတိုင်မှာ ကွန်ဒိုဝယ်ပေးတယ် .
ဦးအတွက် Crown ဝယ်ပေးတယ် .
ညီမလေးတွေ အတွက် လုပ်ချင်တဲ့ အလုပ်လေးတွေ
သူလုပ်ပေးတယ် . ရင်းနီးပေးတယ် .
လတိုင်း မိသားစုကို ကန်တော့တာ
စိတ်ထဲက မှန်းကြည့်ဘယ်လောက်ဖြစ်နိုင်မလဲ .
မှန်းကြည့်တာ ထက် ၃ ဆလောက်များပါတယ် .
လူတိုင်း မှာ အခက်ခဲ နဲ့ ယှဉ်ဆိုင်နေရသလို
Covid အချိန်ကာလ မှာ သူလည်း အခက်ခဲပေါင်းများစွာ ရှိပါတယ် . စိတ်ညစ်စရာ များစွာရှိပါတယ် .

အဲ့ဒါကြောင့် အရင် Live မလွှင့် Fb မသုံးတဲ့လူ စိတ်ထွက်ပေါက် အနေနဲ့ သူသီချင်းတွေ အော်ဆိုတယ် . ကပြတယ် . အလွတ်ပျော်ပျော်နေတယ် ပရိတ်သတ်လည်း ပျော်တယ် သူလည်းပျော်တယ် .
Live မှာ တွေ့ရတာလည်း
ဒါသူ ဘဝ ပုံစံပဲ . အထာမရှိဘူး ပေါ့ပါးတယ် .
အနုပညာအရည်ချင်း ခမ်းနားတယ် နေတာထိုင်တာ မခမ်းနားဘူး ညပ်ဖိနပ် နဲ့ ဘောင်းဘီတိုပဲ .
ဒါပဲလေ သူ့စီမှာလည်း စိတ်ရူပ်စရာတွေ အရမ်းများပါတယ် .သူလူတိုင်းကို မပြောတတ်ဘူး .ကျွန်တော်ပြောလည်း စိတ်ညစ်တာပဲ ရှိမှာပါဆိုပြီး
သူပြောနေကျစကား (အချိန်တန်ရင် သူဟာသူဖြစ်သွားလိမ့်မယ်)ပြောပြီး အမြဲတန်း ရီ

အဲ့ဒါကြောင့် သူဖုန်းပိတ်ထားတာများပါတယ် .
ဘယ်မှလည်း မသွားဘူး . အိမ်မှာပဲ ရှိပါတယ် .
ကျွန်တော်တို့ တွေ့ချင်လည်း အိမ်ပဲသွားတာ .
အရေးကြီးတဲ့ အချိန် ဆက်မယ်ဆိုလည်းဘယ်သူဆက်ဆက်Manager . နဲ့ သူ့ဘေးနားရှိတဲ့ ညီလေးစီဆက်ရင်မြင့်မြတ်ကိုယ်တိုင် မကိုင်တာမှ မရှိတာ .
ဦး Taxi မောင်းတာ လည်း . ကားဝယ်ထဲက
နံပတ် အနီဝယ်တာ . အလုပ်မရှိရင် ပျင်းလို့
ဒီတိုင်း မောင်းနေတာ ကျွန်တော့်ကို ဦးကိုယ်တိုင်ပြောဖူးပါတယ် . ?မိသားစု တွေ နားလည်မူ့ ခဏ
လွှဲတယ်လို့ပဲမြင်ပါတယ် .သင်ခန်းစာလေး တစ်ခုက တော့ ဘာပဲဖြစ်ဖြစ် Media ကို သွားမဖြေရှင်းဖို့ပါပဲ .

မြင့်မြတ် အဖေ ကို အကူညီတောင်းခံတဲ့
လူအသွင် ဖြစ်အောင် . နောက်ခံတီးလုံးတွေ Edit တွေနဲ့Drama ခင်းထားတော့ မြင့်မြတ်ကိုပိုပြီး အထင်ဝိုင်းဆောင်းကျတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ် .(အကူညီတောင်းခံတဲ့ လူတန်းစားများကိုလည်း စော်ကားချင်းမဟုတ်ပါ) ?

ထင်ရာတွေ လျောက်ဝေဖန်နေတဲ့ လူများကိုတော့
ထင်သလို မဟုတ်ပါဖူးလို့ပဲ အတိကျပြောချင်ပါတယ်ခင်ဗျ .ကျွန်တော်လည်း ဘယ်ကိစ္စမှ မပါတော့တာကြာပါပြီ.မြင့်မြတ်ကိစ္စကတော့ ဘာဖြစ်နေနေ ကျွန်တော်တို့ သူ့ဘက်က အပြည့်ဝ ရပ်တည်ပြီးသားပါ .တကယ်လည်း ကျွန်တော် ပြောတာတွေ အမှန်တရားတွေကြီးပါပဲ .အားလုံး ကျေးဇူးတင်ပါတယ် ?????
မြင့်မြတ်က နာမည်နဲ့လိုက်အောင် မြင့်မြတ်ပါတယ်
အားလုံး Peace ✌✌✌”လို့ဆိုကာ ရေးသားမျှဝေပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Source; Yone Lay

Leave a Reply

Your email address will not be published.