






Source; Khaing Hnin Wai
(Unicode)
အောက်မေးရိုးနဲ့ ဘယ်ဘက်နားလေး မပါလာတဲ့ ၁၃ရက်မြောက်သားလေးကို မွေးစားခဲ့တဲ့ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ
နိုင်ငံကျော် မင်းသမီးချော ခိုင်နှင်းဝေကတော့ လက်ရှိမှာ ပရဟိတတွေကို တတ်နိုင်သလောက် လှူဒါန်းကူညီပေးလျှက် ရှိနေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ “ခိုင်နှင်းဝေ မိဘမဲ့ ဂေဟာ”ကို တည်ထောင်ထားပြီး မိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ကလေးများရဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူမ ကူညီပြီး ဆေးကုသပေးနေတဲ့ AIDSရောဂါဝေဒနာ ခံစားနေရတဲ့ သမီးငယ်လေးဟာ ကွန်လွယ်သွားခဲ့ပါတယ်။ ထိုသမီးငယ်လေးအား ရည်းစူးပြီး မင်းသမီးချော ခိုင်နှင်းဝေက နောက်ထပ် မွန်မြတ်တဲ့ အလှူလေးတစ်ခုကို လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ မေမေခိုင်နှင်းဝေက “ကျမတို့ “ခိုင်” မိသားစု ဂေဟာရဲ့ အယောက် (၄၀)မြောက် (၁၃)ရက်သား လေးပါရှင်…သားလေးက အောက်မေးရိုးနဲ့ ဘယ်ဘက် နားမပါ ပါဘူးတဲ့…..အမေက (၁၉)နှစ် ဖြစ်ပီး သမီးရီးစားချင်းလွန်ကြူးမိလို့ ကိုယ်ဝန်ရသွားရင်း မလိုချင်လို့ ဖြတ်ချ ပေမဲ့ မွေးဖွားလာရတဲ့ သားငယ်လေးပါ..အမေက မွေးမွေးပီးချင်းပဲ ထွက်ပြေးသွားတဲ့ အတွက် ခိုကိုးရာမဲ့ စောင့်ရှောက်မဲ့ သူမရှိတော့လို့ ကျမတို့ “ခိုင်” မိသားစု ဂေဟာသို့ ခေါ်ဆောင်မွေးစားလိုက်ပါတယ်ရှင်..သားငယ်လေး သက်တမ်းစေ့ နေနိုင်ပီး ခွဲစိတ်မှုများ အတွက် ကျမ ရုန်းကန်ကြိုးစားပေးပါမယ်ရှင်…မိန်းကလေးတွေ အားလုံး ဆင်ခြင်နိုင်ပီး တာဝန်ယူသော ယောကျာင်္းကောင်းများ ပဲ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း…..???”လို့ဆိုကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
Source; Khaing Hnin Wai