






Source; Wai La Ri
(Unicode)
“ဝေလာ့လို Garnier Serum Mask လေးတွေ သုံးတဲ့သူရှိလား ???”လို့မေးလာတဲ့ ဆောင်း
အဆိုတော် လိမ္မော်သီးရဲ့ ညမအငယ်လေးဖြစ်တဲ့ ဝေလာရီကတော့ MRTV4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ”မော်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ စတင်ပြီး သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးရေးတွေအပြင် အမဖြစ်သူနဲ့အတူ သီချင်းတွေဆိုကာ အနုပညာလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတာကိုလည်း တွေ့ရပါတယ်။
အခုလတ်တလောမှာတော့ မင်းသမီးချော ဝေလာရီက တက်သစ်စမင်းသားချောလေး သာထက်ညဏ်ဇော်နဲ့ “မမှီဝဲနဲ့ ကင်းအောင်နေ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တွဲဖက်ရိုက်ကူးထားခဲ့ပါတယ်။ သူမတို့နှစ်ယောက်ဟာ “ဒိုက်နဲ့ဆောင်း”ဆိုကာ အတွဲညီညီ လိုက်ဖက်စွာ သရုပ်ဆောင်ထားလျှက် ရှိပါတယ်။ ထိုဇာတ်လမ်းတွဲလေးဟာ ယခုဆိုရင် ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကိုလည်း ရရှိထားတာ တွေ့ရပါတယ်။
အခုတစ်ခါမှာတော့ ဆောင်းလေးက “ဝေလာ့လို Garnier Serum Mask လေးတွေ သုံးတဲ့သူရှိလား ???”လို့မေးကာ သူမရဲ့ Skincareအချိန်လေးကို မျှဝေပေးလာခဲ့ပါတယ်။ ကဲ ချစ်ပရိတ်သတ်ကြီးထဲမှာရော ဆောင်းလေးလို Garnier Serum Maskနဲ့ Skincareကြတဲ့သူတွေ ရှိကြလားဆိုတာ ဖြေပေးသွားကြပါအုံးနော်။
Source; Wai La Ri