



Source; Phway Phway

(Unicode)

“အတွေးလွန်တဲ့ ညတွေ ရှိဖူးလား”လို့ မေးကာ Moodအပြည့်နဲ့ ပရိတ်သတ်တွေကို ဖမ်းစားခဲ့တဲ့ ဖွေးစိန်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီဖွေးစိန်လေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်ကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ လွတ်လပ်ပေါ့ပါးစွာ နေတတ်ပြီး ပွင့်ပွင့်လင်းလင်း ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမ ကြိုက်နှစ်သက်တဲ့အရာ မှန်သမျှကိုလည်း မဖြစ်ဖြစ်အောင် လုပ်တတ်သူလည်း ဖြစ်ပါတယ်။

ခုလတ်တလောမှာတော့ ဖွေးစိန်လေးက သူမရဲ့ Stay At Home မှာ မုန့်‌တွေ လုပ်စားလိုက်၊ မုန့်တွေ မှာစားလိုက်၊ သူမစိုက်ပျိုးထားတဲ့ အပင်လေးတွေကို ဂရုစိုက်လိုက်နဲ့ပဲ အိမ်ထဲမှာ အချိန်ကုန်နေခဲ့တာ အပြင်ထွက်ပြီး သွားချင်လာချင်၊ လှချင်ပချင်တဲ့အကြောင်းလေးကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။

ခုတစ်ခါမှာတော့ ဖွေးစိန်လေးက “အတွေးလွန်တဲ့ ညတွေ ရှိဖူးလား”လို့ မေးကာ Moodအပြည့်နဲ့ ပရိတ်သတ်တွေကို ဖမ်းစားခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ အတွေးတွေ လွန်နေတဲ့ ဖွေးစိန်လေးရဲ့ Moodအပြည့်နဲ့ ပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Phway Phway

Leave a Reply

Your email address will not be published.