




(Unicode)

“ရိုးစစ်နဲ့တွေ့ရင် ရေဝတီလေးက အဲ့လိုပျော်နေတတ်တယ်ဆိုတာ အကိုအီလစ်ကို ဝိုင်းပြောပေးကြပါနော်”လို့ဆိုလာတဲ့ နန်းနန်း

MRTV 4ရဲ့ နာမည်ကြီး အောင်မြင်ခဲ့တဲ့ “ထာဝရမန္တလေး”ဆိုတဲ့ ဇာတ်လမ်းတွဲကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့တဲ့ မင်းသားချောလေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော အောင်မင်းခန့်ပဲ ဖြစ်ပါတယ်။ သူဟာ ဇာတ်လမ်းတွဲမင်းသားလို့ တင်စားခေါ်ဝေါ်ရလောက်အောင် သူ့ရဲ့ ဇာတ်လမ်းတွဲများစွာဟာ အောင်မြင်ကျော်ကြား လူသိများခဲ့ပါတယ်။

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းကတော့ “ပဉ္စလက်ရွာ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ရေဝတီဆိုတဲ့ ကာရိုက်တာလေးကနေ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အညာဒေသရဲ့ ဆံရစ်ဝိုင်းဆံပင်ကေလေးနဲ့ ထူးခြားစွာ သရုပ်ဆောင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ နန်းနန်းက “ရိုးစစ်နဲ့တွေ့ရင် ရေဝတီလေးက အဲ့လိုပျော်နေတတ်တယ်ဆိုတာ အကိုအီလစ်ကို ဝိုင်းပြောပေးကြပါနော်”လို့ဆိုကာ “ပဉ္စလက်ရွာ”ဇာတ်လမ်းတွဲထဲမှာ ရေဝတီရဲ့အစ်ကိုအီလစ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော သူရိယကို ပြောခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကဲ အစ်ကိုအီလစ်ရေ ညမလေးရေဝတီနဲ့ ယောက်ဖဖြစ်သူ ရိုးစစ်တို့ ပျော်နေကြတဲ့ ပုံရိပ်လေးတွေကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါအုံးနော်။

Source; Nan Sandar Hla Tun

Leave a Reply

Your email address will not be published.