“စကားဝါ” ဆိုတဲ့ ဇာတ္​ေကာင္​ေလးအတြက္ ဆံရစ္ဝိုင္း ဆံပင္​ေလး ညႇပ္ျဖစ္ခဲ့စဥ္က ပုံေလး မွ်ေဝေပးလာတဲ့ ေဖြးစိန္

ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္တဲ့ အကယ္ဒမီေဖြးစိန္ေလးကေတာ့ ပရိတ္သတ္ေတြရဲ႕ အခ်စ္ကို အျပည့္အဝ ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမဟာ လြတ္လပ္ေပါ့ပါးစြာ ေနတတ္ၿပီး ပြင့္ပြင့္လင္းလင္း ရွိသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမ ႀကိဳက္ႏွစ္သက္တဲ့အရာ မွန္သမွ်ကိုလည္း မျဖစ္ျဖစ္ေအာင္ လုပ္တတ္သူလည္း ျဖစ္ပါတယ္။

ခုလတ္တေလာမွာေတာ့ ေဖြးစိန္ေလးက သူမရဲ႕ Stay At Home မွာ မုန႔္‌ေတြ လုပ္စားလိုက္၊ မုန႔္ေတြ မွာစားလိုက္၊ သူမစိုက္ပ်ိဳးထားတဲ့ အပင္ေလးေတြကို ဂ႐ုစိုက္လိုက္နဲ႔ပဲ အိမ္ထဲမွာ အခ်ိန္ကုန္ေနခဲ့တာ အျပင္ထြက္ၿပီး သြားခ်င္လာခ်င္၊ လွခ်င္ပခ်င္တဲ့အေၾကာင္းေလးကို သူမရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာကေန မွ်ေဝေပးလာခဲ့ပါတယ္။

ခုတစ္ခါမွာေတာ့ ေဖြးစိန္ေလးက “1 year ago today … အစက ႐ုပ္ရွင္ ႐ုံတင္ခံနီးမွျပမို႔… ခု​ေတာ့ ျပလိုက္​ေတာ့မယ္ … အရင္ႏွစ္ ဒီ​ေန႔မ်ိဳးမွာ “ပုဂံ​ေမွ်ာ္” ႐ုပ္ရွင္…”စကားဝါ” ဆိုတဲ့ ဇာတ္​ေကာင္​ေလးအတြက္ ဆံရစ္ဝိုင္းဆံပင္​ေလး ညႇပ္ျဖစ္ခဲ့စဥ္…💛🏵🌟ပုပၸါး ထိ ကို ခ်စ္တဲ့ တီခ်ိဳ(HELLO) ကိုယ္တိုင္လိုက္ၿပီး ညႇပ္​ေပးထား တာ 😍ခု​ေတာ့လဲ ဆံပင္​​ေတာင္ျပန္ရွည္​ေနၿပီ..႐ုပ္ရွင္႐ိုက္​ေတြနားထားရတုန္းပဲ…လြမ္း​ေတာ့လြမ္းတာ​ေပါ့…​ေနာ့ …”လို႔ဆိုကာ အရိပ္အမြက္ေလးေပးကာ မွ်ေဝေပးလာခဲ့ပါတယ္။

Source; Phway Phway

(Unicode)

“စကားဝါ” ဆိုတဲ့ ဇာတ်ကောင်လေးအတွက် ဆံရစ်ဝိုင်း ဆံပင်လေး ညှပ်ဖြစ်ခဲ့စဉ်က ပုံလေး မျှဝေပေးလာတဲ့ ဖွေးစိန်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီဖွေးစိန်လေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်ကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ လွတ်လပ်ပေါ့ပါးစွာ နေတတ်ပြီး ပွင့်ပွင့်လင်းလင်း ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမ ကြိုက်နှစ်သက်တဲ့အရာ မှန်သမျှကိုလည်း မဖြစ်ဖြစ်အောင် လုပ်တတ်သူလည်း ဖြစ်ပါတယ်။

ခုလတ်တလောမှာတော့ ဖွေးစိန်လေးက သူမရဲ့ Stay At Home မှာ မုန့်‌တွေ လုပ်စားလိုက်၊ မုန့်တွေ မှာစားလိုက်၊ သူမစိုက်ပျိုးထားတဲ့ အပင်လေးတွေကို ဂရုစိုက်လိုက်နဲ့ပဲ အိမ်ထဲမှာ အချိန်ကုန်နေခဲ့တာ အပြင်ထွက်ပြီး သွားချင်လာချင်၊ လှချင်ပချင်တဲ့အကြောင်းလေးကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။

ခုတစ်ခါမှာတော့ ဖွေးစိန်လေးက “1 year ago today … အစက ရုပ်ရှင် ရုံတင်ခံနီးမှပြမို့… ခုတော့ ပြလိုက်တော့မယ် … အရင်နှစ် ဒီနေ့မျိုးမှာ “ပုဂံမျှော်” ရုပ်ရှင်…”စကားဝါ” ဆိုတဲ့ ဇာတ်ကောင်လေးအတွက် ဆံရစ်ဝိုင်းဆံပင်လေး ညှပ်ဖြစ်ခဲ့စဉ်…💛🏵🌟ပုပ္ပါး ထိ ကို ချစ်တဲ့ တီချို(HELLO) ကိုယ်တိုင်လိုက်ပြီး ညှပ်ပေးထား တာ 😍ခုတော့လဲ ဆံပင်တောင်ပြန်ရှည်နေပြီ..ရုပ်ရှင်ရိုက်တွေနားထားရတုန်းပဲ…လွမ်းတော့လွမ်းတာပေါ့…နော့ …”လို့ဆိုကာ အရိပ်အမွက်လေးပေးကာ မျှဝေပေးလာခဲ့ပါတယ်။

Source; Phway Phway

Leave a Reply

Your email address will not be published.