




(Unicode)

“မမှီဝဲနဲ့ ကင်းအောင်နေ”ဇာတ်လမ်းတွဲလေးထဲက လိုက်ဖက်ညီလှတဲ့ ဒိုက်နဲ့ဆောင်းရဲ့ ပုံရိပ်များ

အဆိုတော် ‌လိမ္မော်သီးရဲ့ ညမအငယ်လေးဖြစ်တဲ့ ဝေလာရီကတော့ MRTV4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ‌”မော်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ စတင်ပြီး သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးရေးတွေအပြင် အမဖြစ်သူနဲ့အတူ သီချင်းတွေဆိုကာ အနုပညာလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတာကိုလည်း တွေ့ရပါတယ်။

အခုလတ်တလောမှာတော့ မင်းသမီးချော ဝေလာရီက တက်သစ်စမင်းသားချောလေး သာထက်ညဏ်ဇော်နဲ့ “မမှီဝဲနဲ့ ကင်းအောင်နေ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တွဲဖက်ရိုက်ကူးထားခဲ့ပါတယ်။ သူမတို့နှစ်ယောက်ဟာ “ဒိုက်နဲ့ဆောင်း”ဆိုကာ အတွဲညီညီ လိုက်ဖက်စွာ သရုပ်ဆောင်ထားလျှက် ရှိပါတယ်။ ထိုဇာတ်လမ်းတွဲလေးဟာ ယခုဆိုရင် ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကိုလည်း ရရှိထားတာ တွေ့ရပါတယ်။

ကဲ ဒါဆိုရင် Celepediaရဲ့ ချစ်ပရိတ်သတ်ကြီးအတွက် ဒိုက်နဲ့ဆောင်းလေးတို့ရဲ့ လိုက်ဖက်ညီလွန်းလှတဲ့ သရုပ်ဆောင်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ “မမှီဝဲနဲ့ ကင်းအောင်နေ”ဇာတ်လမ်းတွဲလေးကို အားပေးကြတဲ့ ပရိတ်သတ်တွေ ရှိတယ်ဆိုရင် ဘယ်သူ့ကို ပိုသဘောကျလည်းဆိုတာ ပြောသွားပေးပါအုံးနော်။

Source; Thar Htet Nyan Zaw

Leave a Reply

Your email address will not be published.