






Source; Kyaw Htet Zaw
(Unicode)
The Voice Myanmarပြိုင်ပွဲဝင် Gနဲ့အတူတူ ခရစ်စမတ်စုံတွဲ ပုံရိပ်လေးတွေ ချပြလာတဲ့ မင်းသားချော ကျော်ထက်ဇော်
MRTV 4ရဲ့ နာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ မင်းသားချော ကျော်ထက်ဇော်ကတော့ မိန်းကလေးပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အောင်မြင်တဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကုလားစင်မျက်နှာပေါက်လေးနဲ့ စမတ်ကျတဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ရရှိပိုင်ဆိုင်ထားတာပါ။
မင်းသားချော ကျော်ထက်ဇော်ရဲ့ စတင်အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးက “အမုန်းမှသည်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲလေးမှာ သူက “စိုင်းနေရောင်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပီပြင်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင်”မိုးကောင်းကင်အိမ်မက်၊ စိတ်၏ခြေရာ၊ အချစ်ဖွဲ့လေညှင်း”စတဲ့ ဇာတ်လမ်းတွဲတွေဟာလည်း နာမည်ကျော်ကာ အောင်မြင်ခဲ့တာကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ မင်းသားချော ကျော်ထက်ဇော်က The Voice Myanmarပြိုင်ပွဲဝင်တစ်ယောက် ဖြစ်ခဲ့တဲ့ Gနဲ့အတူတူ ခရစ်စမတ်စုံတွဲ ပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ မင်းသားချော ကျော်ထက်ဇော်နဲ့
The Voice Myanmarပြိုင်ပွဲဝင်တစ်ယောက်လည်းဖြစ်၊ စိန်နန်းတော် ပိုင်ရှင်ရဲ့ တစ်ဦးသော သမီးလည်း ဖြစ်တဲ့ Gတို့ရဲ့ လိုက်ဖက်လှတဲ့ ခရစ်စမတ်ပုံရိပ်တစ်ချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Kyaw Htet Zaw