



Source; Angel Lamung

(Unicode)

“ကိုယ့်အချစ်တွေကို Christmas လက်ဆောင်ပေးမယ် ဆိုရင်ရော ❤️”လို့ ပြောလာတဲ့ အိန်ဂျယ်

ပိန်သွယ်လှပတဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်အိန်ဂျယ်လမုန်ကတော့ လက်ရှိမှာ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ မော်ဒယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကိုသူမ “အားရှောင်”လို့သုံးကာ အမြဲလိုလို ပြောလေ့ ရှိပါတယ်။ အားရှောင်က “Puppy”လေးတွေကို အရမ်းချစ်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမက အဆိုတော် Oasixနဲ့ တွဲဖက်ပြီး “ချစ်မိတော့ ရှုံး”ဆိုတဲ့ အသည်းကွဲအလွမ်းအဆွေး Music Videoလေး ထွက်ရှိထားပါတယ်။ ဒါ့အပြင် Tiktokအကမျိုးစုံကိုလည်း ကျွမ်းကျင်စွာ ဆော့နိုင်ပြီး ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက်လည်း အမြဲလိုလို ခရီးသွား ပုံရိပ်တွေကို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ အိန်ဂျယ်က “ကိုယ့်အချစ်တွေကို Christmas လက်ဆောင်ပေးမယ် ဆိုရင်ရော ❤️”လို့ ပြောကာ လက်ဆောင်ဘူးလေးတွေပိုက်ကာ မျှဝေပေးလာခဲ့ပါတယ်။ လက်ဆောင်ဘူးလေးထဲမှာ သူမရဲ့ အချစ်တွေ ပြည့်နေတဲ့ အိန်ဂျယ်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Angel Lamung

Leave a Reply

Your email address will not be published.