



Source; Htoo Aung

(Unicode)

စူးရှတဲ့ အကြည့်တွေအောက်မှာ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေနဲ့ မိုက်နေတဲ့ မော်ဒယ် ထူးအောင်

လတ်တလောမှာ မိန်းကလေး ပရိတ်သတ်တွေ အရမ်း အားပေးခြင်းကို ခံနေရတဲ့ သူကတော့ တောင့်ဖြောင့်တဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားပြီး ဖက်ရှင်ကျတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် နာမည်ကြီးအောင်မြင်လာခဲ့တဲ့ မင်းသားချော ထူးအောင်ပဲ ဖြစ်ပါတယ်။ သူဟာ မော်ဒယ်ဘဝကနေ အနုပညာလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းလာခဲ့ပြီး ယခုဆိုရင် အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေပါတယ်။

မင်းသားချော ထူးအောင်ရဲ့ အောင်မြင်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ “Lady Boy”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးဟာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်တာကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာကပါ အသိအမှတ်ပြု အောင်မြင်ခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ မင်းသားချော ထူးအောင်က
စူးရှတဲ့ အကြည့်တွေအောက်မှာ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေနဲ့ မိုက်နေတဲ့ သူ့ရဲ့ ပုံရိပ်တစ်ချို့ကို မျှဝေပေးခဲ့ပါတယ်။ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လေးနဲ့ မိုက်နေတဲ့ မော်ဒယ်ထူးအောင်ရဲ့ ပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Htoo Aung

Leave a Reply

Your email address will not be published.