






(Unicode)
“စိန်နန်းတော် ကြော်ငြာရဲ့ ပုံလေးတွေ♥️”လို့ဆိုကာ မင်းသားချော စည်သူဝင်းနဲ့ လိုက်ဖက်စွာ မြင်တွေ့ရတဲ့ သဲတုံလေး
ဟာသလူရွှင်တော် ဒါရိုက်တာ ဦးခင်လှိုင်ရဲ့ သမီးချောလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ ယခုဆိုရင် အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လာတာကို တွေ့ရပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ရရှိထားသူလည်း ဖြစ်ပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ သဲသဲပဲ ဖြစ်ပါတယ်။
သဇင်ထူးမြင့်လေးရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ်လက်ခံ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ Music videoတွေမှာလည်း သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ ခုလတ်တလောမှာတော့ သဲသဲက သူမရဲ့ဖခင်ဖြစ်သူ သရုပ်ဆောင် ဒါရိုက်တာ ဦးခင်လှိုင် ကိုယ်တိုင် ရိုက်ကူးတဲ့ “ဆိုးပေ”ဆိုတဲ့ ဇတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင် မင်းသမီးတစ်ယောက်အဖြစ် ပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ သဲသဲက “စိန်နန်းတော် ကြော်ငြာရဲ့ ပုံလေးတွေ♥️”လို့ဆိုကာ မင်းသားချော စည်သူဝင်းနဲ့ လိုက်ဖက်စွာ ကြည်နူးဖို့ကောင်းနေတဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ Double Datingအစီအစဉ်ကြောင့် ပရိတ်သတ်တွေက လိုက်ဖက်တယ်ဆိုပီး ဝိုင်းစနောက်နေကြတဲ့ မင်းသားချော စည်သူဝင်းနဲ့ သဲတုံလေးတို့ရဲ့ ကြော်ငြာပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Thazin Htoo Myint