







Source; Pan Yaung Chel
(Unicode)
“ပန်းရောင်ခြယ်က နာမည်အရင်း ဟုတ်/မဟုတ် ??”လို့ မေးလာတဲ့ ပန်းရောင်လေး
နိုင်ငံကျော် အဆိုတော် ဂရေဟမ်ရဲ့ သမီးအကြီးမလေးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ ပုရိသယောက်ကျားလေးတွေ အထူးအားပေးချစ်ခင်ကြတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ချိုမြတဲ့ အသံလေးရယ်၊ စကားပြောတဲ့အခါ နူးညံ့သိမ်မွေ့တာရယ်ကြောင့်လည်း ပရိတ်သတ်တွေက အချစ်တွေ ပိုနေကြရတာပါ။
အဆိုတော် မင်းသမီးချောလေး ပန်းရောက်ခြယ်ဟာ သီချင်းအေးအေး ချိုချိုမြမြလေးတွေကို ဖန်တီးသီဆိုတတ်ရုံ မကသေးပဲ သရုပ်ဆောင်ဘက်မှာပါ ထူးချွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွေကတော့ “လိပ်ပြာ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ လိပ်ပြာဇာတ်လမ်းတွဲလေးဟာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ ပန်းရောင်လေးက “ပန်းရောင်ခြယ်က နာမည်အရင်း ဟုတ်/မဟုတ် ??”လို့ မေးကာ သူမရဲ့ ပန်းရောင်သန်းနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ပန်းရောင်ရဲ့ ပန်းရောင်သန်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးရင်း သူမရဲ့ နာမည်အရင်းလေးကိုပါ သိတဲ့သူတွေ မန့်သွားပေးကြပါအုံးနော်။
Source; Pan Yaung Chel