Source; May Melody
(Unicode)
Shwe FM ကပေးအပ်တဲ့ ဆုကြေးငွေနဲ့ အနုပညာကြေးများကို အမေများအဖွဲ့အား အလှူငွေ(၁၀)သိသိန်းကျပ်နှင့် ဆန်၊ ဆီ၊ Nice Food မုန့်စုံပုံးများ လှူဒါန်းခဲ့တဲ့ မေလသံဇဉ်
အသက်ငယ်ငယ်လေးကတည်းက အနုပညာလျှောက်လှမ်းပေါ်မှာ နာမည်ကျော်လူသိများလာခဲ့တဲ့ အဆိုတော်မလေး မေလသံဇဉ်ကိုတော့ ပရိတ်သတ်ကြီး သိပြီးသား နေမှာပါနော်။ သူမဟာဆိုရင် ခေတ်ဟောင်းသီချင်းတွေကို ပိုင်နိုင်စွာ သီဆိုနိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် သူမရဲ့ ကိုယ်ပိုင်သီချင်း အေးအေးလေးတွေကိုလည်း ဖန်တီးသီဆိုကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ရယူထားနိုင်သူပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မေလသံဇဉ်က အဆိုတော် အုပ်စိုးခန့်နဲ့ “ရုံးတော်လွှတ်တော်”ဆိုတဲ့ သီချင်းဟောင်းလေးကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ကိုယ်ပိုင်အမူအရာလေးနဲ့ Coverပြန်ဆိုကာ နာမည်ရလာခဲ့ပါတယ်။ နေရာတိုင်းမှာ သူတို့နှစ်ယောက်ရဲ့ သီချင်းလေးက စိုးမိုးလာကာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိလာခဲ့ပါတယ်။
ခုတစ်ခါမှာတော့ မေလက “Shwe FM ကပေးအပ်တဲ့ ဆုကြေးငွေနဲ့ အနုပညာကြေးရရှိတဲ့ငွေများထဲမှ သန်လျင်မြို့နယ်ရှိ အမေများ အိမ်ရာ၊အမေများအဖွဲ့အား အလှူငွေ (၁၀)သိန်းကျပ် ​(ငွေပ​ဒေသာပင်)ပေးအပ်လှူဒါန်းခဲ့ပြီး ဆန်၊ ဆီနှင့် Nice Foodမုန့်စုံပုံးများ လှူဒါန်းဖြစ်ခဲ့ပါတယ်🥰🥰🥰”လို့ဆိုကာ မွန်မြတ်တဲ့ ကုသိုလ်လေးကို လှူဒါန်းခဲ့တဲ့အကြောင်းလေးကို ရေးသားမျှဝေ ဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။ သာဓုပါ မေလလေးရေ…..။
Source; May Melody
Leave a Reply
Your email address will not be published.