




(Unicode)

ဆောင်းရာသီဖက်ရှင်လေးနဲ့ အရုပ်မလေးလို လှရက်လွန်းနေပြန်တဲ့ မေမေမြတ်ရတနာကျော်

အဆိုတော် ထန်ခေးရဲ့ “ချစ်လွန်းလို့”ဆိုတဲ့ သီချင်းလေးမှာ သရုပ်ဆောင်ရင်းနဲ့ စတင်ပြီး သတိထားမိလာခဲ့တဲ့ TUကျောင်းသူလေး မြတ်ရတနာကျော်ကတော့ ယခုဆိုရင် အဆိုတော် R Boyနဲ့ အိမ်ထောင်ကျကာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါပြီ။ အဆိုတော် Ah Boyကတော့ မကြာသေးခင်ကမှ အဆိုတော် ချမ်းမြေ့မောင်ချိုနဲ့ “အငွေ့အသက်များ”ဆိုတဲ့ သီချင်းကောင်းလေးတစ်ခု ထွက်ရှိခဲ့ပါတယ်။

ခုလတ်တလောမှာတော့ အဆိုတော် Keyနဲ့ တွဲဖက်ပြီး “ကျေးကျွန်”ဆိုတဲ့ သီချင်းကောင်းလေးတစ်ပုဒ်လည်း ထွက်ရှိထားပါတယ်။ ဒါ့အပြင် သူတို့မိသားစုလေးက အမြဲလိုလို ခရီးတွေထွက်ကာ “Our Travel Diaries”ဆိုတဲ့ Pageလေးမှာ ခရီးသွား Vlogလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ အပျိုလေးတွေ အရှုံးပေးရလောက်အောင် လှရက်လွန်းနေတဲ့ မေမေမြတ်ရတနာကျော်က ဆောင်းရာသီဖက်ရှင်လေးနဲ့ လိုက်ဖက်စွာ အရုပ်မလေးလို အလှကြီးလှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ မေမေမြတ်ရတနာကျော်ရဲ့ Gorgeousဆန်တဲ့ ဆောင်းရာသီဖက်ရှင်လေးနဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Myat Yadanar Kyaw

Leave a Reply

Your email address will not be published.