



Source; Naw Say Say Htoo

(Unicode)

“ကိုးရီးယား ရောက်နေတာမဟုတ်ဘူးနော် ကျွန်မတို့မြန်မာနိုင်ငံမှာလည်း ခုလိုနှင်းတောင်တွေရှိတယ်ဆိုတာသိဖို့?”လို့ဆိုလာတဲ့ စေးစေး

မြန်မာအိုင်ဒေါ Season 3ရဲ့ ပါဝင်ယှဉ်ပြိင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ကတော့ ‌အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားတဲ့ ကချင်တိုင်းရင်းသူလေး နော်စေးစေးထူးပဲ ဖြစ်ပါတယ်။ စေးစေးဟာ အဖွဲ့ထဲမှာဆိုရင် ဟာသညဏ်ရွှင်ကာ ပျော်ပျော်နေတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မူးလာက မျက်နှာပြောင်ကာ စေးစေးက အရယ်သန်သူမလို့ သူတို့နှစ်ယောက်နဲ့ ဆုံရင်တော့ တကယ်ကို ပျော်စရာအချိန်လေးတွေပါပဲ။

လတ်ရှိမှာတော့ စေးစေးက ကြော်ငြာရိုက်ကူးရေးတွေကို လုပ်ဆောင်လျှက် ရှိနေပါတယ်။ စေးစေးကတော့ “အချစ်ရဲ့ ဒုက္ခသည်မလေး”ဆိုတဲ့ သီချင်းမြူးမြူးလေးကို ထွက်ရှိထားတာကို တွေ့ရပါတယ်။ စေးစေးက သူမရဲ့ ပရိတ်သတ်တွေ ပျော်ရဖို့အတွက် Tiktokတွေဆော့ကာ ဖျော်ဖြေလျှက် ရှိနေတာကိုလည်း တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ စေးစေးက “ကိုးရီးယား ရောက်နေတာမဟုတ်ဘူးနော် ကျွန်မတို့မြန်မာနိုင်ငံမှာလည်း ခုလိုနှင်းတောင်တွေရှိတယ်ဆိုတာသိဖို့?”လို့ဆိုကာ ကချင်ပြည်နယ် တစ်နေရာက နှင်းတွေဖုံးနေတဲ့ တောင်တန်းတစ်ခု ရောက်နေတဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ စေးစေးရဲ့ မြန်မာနိုင်ငံက နှင်းတောင်ရောက်နေတဲ့ ပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Naw Say Say Htoo

Leave a Reply

Your email address will not be published.